Friday, March 7, 2014
Home »
International News
,
Knowledge
,
News
» Samsung မှ Apple ကို ဒေါ်လာ 930 million ကို လျော်ကြေးပေးပြီး samsung ရောင်းချခွင့်ပိတ်ပင်ထားမှုကို အဆုံးသတ်လိုက်သည်
Samsung မှ Apple ကို ဒေါ်လာ 930 million ကို လျော်ကြေးပေးပြီး samsung ရောင်းချခွင့်ပိတ်ပင်ထားမှုကို အဆုံးသတ်လိုက်သည်
Post By Aung Ko Htet (MM IT Knowledge)
ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းကုမ္ပဏီ နှစ်ခုဖြစ်သည့် Apple နှင့် Samsung တို့တွင် Apple ကုမ္ပဏီမှ Samsung ကမ္ပဏီအပေါ် တရားစွဲဆိုထားမှုကို Samsung မှApple ကို ဒေါ်လာ 930 million ပေးချေပြီး အမေရိကန်တွင် Samsung Handset များရောင်းချခွင့် ပိတ်ပင်ထားမှုကိုလည်း ပြန်လည်ရရှိခဲ့ပြီဖြစ်သည်။ အဆိုပါဖြစ်ရပ်ကို
Apple မှ ရော်ကြေးငွေ ဒေါ်လာ 930 million ရရှိခဲ့ပြီးမှ ကြေအေးပေးခဲ့ခြင်းဖြစ်သော်လည်း အကယ်၍ Samsung အနေဖြင့် Apple ၏ မူပိုင်ခွင့်များကို ထပ်မံ၍ ထိပါးခဲ့ပါက Apple မှ ငြင်းပယ်ခွင့်ကိုလည်း တရား သူကြီး Koh ကိုထပ်မံတောင်းဆိုခဲ့သည်။ ဒီအခြေနေကို ကြည့်ခြင်းအားဖြင့် Samsung အနေဖြင့် သူတို့ရဲ့ devices များကို အမေရိကန်တွင် ဆက်လက်ရောင်းချခွင့်ရှိသည်ဟု သိနိုင်သည်။
Apple နှင့် Samsung တို့ရဲ့ မူပိုင်ခွင့် တရားရင်ဆိုင်မှုဟာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်ခဲ့ပြီး 2012 ခုနှစ်က စတင်ခဲ့သည်။ ပထမဦးဆုံးသော Apple ၏ တရားစွဲဆိုမှုတွင် Samsung အနေဖြင့် ကုန်ပစ္စည်းမူပိုင် ခွင့်နှင့် လျှော်ကြေး ဒေါ်လာ 1.05 billion ပေးလျော်ရမည်ဟု ဆုံးဖြတ်ခံခဲ့ရသော်လည်း တရားရုံး၏ ဆုံးဖြတ်ချက်အရ Samsung ၏ product များမှာ Apple ဖြင့် အနည်းငယ်ကွဲလွဲကြောင်းကို တွေ့ရှိခဲ့ရတဲ့အတွက် Samsung အား ဒဏ်ကြေးလျှော့ပေါ့၍ ဒေါ်လာ 929.8 million ပေးချေရန် ပြန်လည်ဆုံးဖြတ်ပေးခဲ့သည်။
အခုချိန်မှာတော့ Apple မှ လျော်ကြေးငွေ ဒေါ်လာ 930 million ကို ရရှိပြီး Samsung အပေါ် တရားစွဲဆိုထားမှုကို တရားဝင်ပိတ်ပေးခဲ့သည်။ ထို့အပြင် Samsung အနေဖြင့် Apple တောင်းဆိုထားသည့်
တောင်းဆိုချက်များကို လည်း လိုက်လျောပေးမှသာ အမေရိကန်နိုင်ငံတွင် Samsung ရောင်းချခွင့်ကို ခွင့်ပြုပေးမည်ဟု တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။
Ref : Arena
Translate by Aung Ko Htet
0 comments:
Post a Comment