Thursday, March 6, 2014
Home »
Knowledge
,
Myanmar News
,
News
» Samsung\ Mobile App ပြိုင်ပွဲတွင် ရွှေတိဂုံဘုရား အကြောင်းဖြင့် ရေးဆွဲကာ ပြိုင်ပွဲဝင်ရမည်
Samsung\ Mobile App ပြိုင်ပွဲတွင် ရွှေတိဂုံဘုရား အကြောင်းဖြင့် ရေးဆွဲကာ ပြိုင်ပွဲဝင်ရမည်
Post By Aung Ko Htet ( MM IT Knowledge)
Samsung Electronics ကုမ္ပဏီနှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တို့ ပူးပေါင်း၍ပြုလုပ်သော Mobile App ပြိုင်ပွဲတွင် ရွှေတိဂုံဘုရားအကြောင်းအား အသေးစိတ်ရေးဆွဲကာ "Shwedagon Audio Guide" အမည်ဖြင့် ပြိုင်ပွဲဝင်ရမည်ဖြစ်ကြောင်း သိရသည်။
“ဒီ Application ကို ပြည်တွင်းပြည်ပ ဧည့်သည်တွေ သုံးစွဲဖို့အတွက် အခမဲ့ဖြန့်ချိရန် စီစဉ်နေပါတယ်။ အခုလက်ရှိမှာ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာနှစ်မျိုး ထည့်သွင်းရေးသားထားပါတယ်။ ရွှေတိဂုံဘုရားအကြောင်းကို အသေးစိတ်ထည့်သွင်း ရေးသားပေးထားပါတယ်။ ပြည်ပခရီးသွားတွေသာမက ပြည်တွင်းကလူတွေလည်း ရွှေတိဂုံဘုရားသွားတဲ့အခါ ဒီ App ကိုကြည့်ပြီးတော့ သွားရင်လည်း ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကို သိပြီး ပိုပြီးအဆင်ပြေနိုင်အောင် ရေးဆွဲနေပါတယ်” ဟု Application ရေးဆွဲသူ ပြိုင်ပွဲဝင်တစ်ဦးက ရှင်းလင်းပြောကြားသည်။
အဆိုပါပြိုင်ပွဲအတွက် သင်တန်းသား ၁၈ ဦးကို ဇန်နဝါရီလ ၂၂ ရက်မှ ဖေဖော်ဝါရီလ ၂၁ ရက်ထိ လေးပတ်ခန့် သင်တန်းပို့ချပေးခဲ့ပြီး တစ်ဖွဲ့လျှင် ၂ ဦးစီ ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ပြိုင်ပွဲကာလမှာ ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၂၁ ရက်နေ့အထိဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် ဆုရရှိသူများကို ကြေညာပေးသွားမည် ဖြစ်သည်။ ပထမဆုအနေဖြင့် ကန်ဒေါ်လာ ၈၀၀၊ Certificate, Samsung Smart Phone တစ်လုံးနှင့် Samsung အင်ဒိုးချိုင်းနားရုံးနှင့် ထိုင်းရုံးခွဲ သို့ ၅ ရက်တာလေ့လာရေးခရီး ထွက်ရမည်ဖြစ်ပြီး ဒုတိယဆု၊ ကန်ဒေါ်လာ ၅၀၀ နှင့် Certificate ၊ တတိယဆု ကန်ဒေါ်လာ ၃၀၀ နှင့် Certificate များကို ပေးအပ်ချီးမြှင့် မည်ဖြစ်သည်။
Credit>>> Internet Journal
0 comments:
Post a Comment