Powered by Blog - Widget

Sunday, March 9, 2014

မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရခြင်းအတွက်ဂုဏ်ယူလိုက်စမ်းပါ..ရွှေမြန်မာ



Aung Ko Htet (MM IT Knowledge)

၁) စွန့်ဦးတီထွင်သူ အက်ဒီဆင်ကို အမှတ်ရသည့်အနေဖြင့် တစ်နေ့လျှင်(၄) နာရီကြာမျှ လျှပ်စစ်မီးငြိမ်းပြီး ယနေ့ထက်တိုင် ဂုဏ်ပြုရခြင်း ( နွေရာသီရောက်မှပါ... )

၂) ကမ္ဘာပေါ်တွင် Romantic အဆန်ဆုံးသော (ဖယောင်းတိုင်ထွန်းညစာစားပွဲ) CandleLight Dinner ကိုမြန်မာနိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်ခြင်း

၃) Tape ကပ်ပြီးအသုံးပြုသောပိုက်ဆံများကိုနူးညံ့ရိုသေစွာကိုင်တွယ်ခြင်းကိုကြည့်ခြင်းအားဖြင့်
မြန်မာလူမျိုးတို့၏ အကြင်နာတရားကြီးပုံကိုသိနိုင်ခြင်း

၎) ပညာရေးကိုအားပေးသော မိဘများ ၊ မေးခွန်းအား...ပေးသောဆရာများအား ချစ်ခင်ရခြင်း

၅) မိမိပိုင်ဆိုင်ရယူထားသောဘွဲ့နှင့်ကိုက်ညီသော အလုပ်အကိုင်များမှာ ပြည်ပနိုင်ငံများတွင်သာရှိနေတတ်ခြင်း

၆) ပြည်တွင်းအလုပ်အကိုင်များအတွက် ဘွဲ့လက်မှတ်များတစ်ပိသာခန့်အပြင် အလှတရား အနည်းငယ်ပေါင်းစပ်ထားရန် လိုအပ်ခြင်း

၇) ပလာဇာများတွင်ဈေးဝယ်ထွက်ခြင်းဖြင့် သင်အိမ်တွင်မေ့ကျန်ခဲ့နိုင်သော ပစ္စည်းများကို အ၀င်ဝတွင် စစ်ဆေးနိုင်ခြင်း

၈) ခြောက်လုံးပြူးကိုင်အကြမ်းဖက်သမားများကို လိုင်းကားပေါ်တွင်သာ တွေ့မြင်နိုင်ခြင်း

၉) ဆက်သွယ်မှုဧရိယာပြင်ပ၊ ဖုန်းပိတ်ထား၊ မအားသေးပါရှင်..ဆိုသော Operator ၏ ချစ်စဖွယ်စကားသံလေးကို နံပါတ်တစ်ခုထဲမှ (၃) မျိုး (၃) ခါ ကြားနိုင်ခြင်း

၁၀) အခက်အခဲရှိသော မည်သည့်အမျိုးသမီးကိုမဆို အကူညီပေးတတ်သော အမျိုးကောင်းသားများမွေးဖွားရာဒေသဖြစ်ခြင်း

၁၁) ကမ္ဘာ့ရုပ်အဆိုးဆုံး အဆိုတော်များ၊ အကောင်းဆုံးဒါရိုက်တာများ မွေးဖွားရာဒေသလည်း ဖြစ်ခြင်း

၁၂) အဆင့်မြင်ကင်မရာများ တပ်ဆင်ထားသည့် ဟိုတယ်များတွင် တည်းခိုနိုင်ခြင်း

၁၃) အမျိုးသားထုတစ်ရပ်လုံးအတွက် အားထားစရာ ၊ အားကိုးစရာ ဘိုးတော်များ ၊ဗေဒင်ဟောခန်းများနှင့် နတ်ကနားများရှိနေခြင်း

၁၄) မြန်မာပြည်ဖွား ကိုရွှေစပယ်ယာများမှာ မာရာဒိုနာကဲ့သို့ ရွှေလက်ပိုင်ရှင်များ ဖြစ်နေခြင်း

၁၅) အရာရာကို အရှူံးပေးတတ် ပြီး သည်းခံတတ်သော ဗီဇကို ဘိုးဘွားများထံမှ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ရခြင်း

၁၆) လိုင်စင်မဲ့ကား ၊ လိုင်စင်မဲ့ဆိုင်ကယ် ၊ လိုင်စင်မဲ့လောင်းကစား ၊ လိုင်စင်မဲ့ အချစ်များအတွက် လိုင်စင်မဲ့ပြုလုပ်နိုင်ခြင်း

၁၇) မြန်မာအမျိုးသားဘောလုံးသင်း၏ ဂုဏ်သတင်းမွှေးပျမှုကြောင့် ၊ နိုင်ငံခြားသားများပင် လာရောက် ကစားလိုကြခြင်း

မေးလ် မှ တဆင့် ပြန်လည်မျှဝေထားတာ ကြိုတင်စတေးရှောင်တတ်ခြင်း...


Ref:  ဟာသလွင်ပြင်


https://www.facebook.com/groups/shweaeimsijoker/

0 comments:

Post a Comment