Powered by Blog - Widget

Sunday, March 9, 2014

HTC အားလုံးရဲ့ Official flip cover များ Twitter ပေါ်တွင် ပျံ့နှံ့လျက်ရှိ



Post By Aung Ko Htet (MM IT Knowledge)

HTC ချစ်သူများအတွက် မကြာခင်ခံစားရတော့မဲ့ ၀မ်းသာစရာ သတင်းတစ်ခုကတော့ Twitter ပေါ်မှာ ပျံ့နှံ့နေပါပြီ။ HTC ချစ်သူတွေအတွက်တော့ တကယ့်ကို ပျော်စရာကောင်းတဲ့ သတင်းတစ် ခုလို့ဆိုနိုင်ပါတယ်။ ပုံမှန်အားဖြင့် HTC Handset တွေရဲ့ Cover တွေမှာ အခုလို flip cover တွေဟာ မရှိသလောက်ရှားတယ်လို့ဆိုနိုင်ပါတယ်။  HTC တွေရဲ့ flip cover တွေကို courtesy of @evleaks ဆိုတဲ့ twitter account မှာ လေ့လာနိုင်ပါတယ်။

HTC အနေနဲ့ မကြာသေးမီကမှ twitter ပေါ်တွင် ပျံ့နှံ့ခဲ့တဲ့ HTC M8 ရဲ့ ပုံတွေအပြီးမှာ ဒီ flip cover ပုံတွေကို ထပ်မံပြီးပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ ခန့်မှန်းချက် ပညာရှင်တွေရဲ့ခန့်မှန်းချက် အရတော့ HTC M8 ဟာ အခု ဆိုရင် တကယ်ထုတ်ဝေတော့မယ် ဆိုပြီးတော့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ HTC အနေနဲ့ HTC M8 ကို တရားဝင်မကြေငြာသေးတာဟာဆိုရင် အသုံးပြုတဲ့ User တွေကို HTC one လိုပဲ အံ့အားသင့်သွားစေအောင် သူတို့ ရဲ့ device ကို လူအများကို မထုတ်ပြပေးသည့်တိုင်အောင် သတင်းကို တရားဝင်မကြေငြာသေးတာဖြစ်ကြောင်း ခန့်မှန်းချက် ကျွမ်းကျင် ပညာရှင်တွေက ဆိုပါတယ်။

HTC One ရဲ့ သတင်းတွေအကုန်လုံးကိုတော့ March လ 25 ရက်နေ့မှာ တရားဝင်ကြေငြာသွားမယ်လို့ HTC ကုမ္ပဏီ မှ ဆိုပါတယ်။

Ref : arena

Translate by Aung Ko Htet

0 comments:

Post a Comment