Post By Aung Ko Htet (MM IT Knowledge)
အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် အခြေစိုက် Terrafugia က လေထဲမှာ မောင်းနှင်နိုင်တဲ့ကား ကို နောက်နှစ်မှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ လေထဲမှာ မောင်းနှင်နိုင်သလို ကုန်းပေါ်မှာ လည်း မောင်းနှင်နိုင်တဲ့ ကားလေယာဉ်ပျံ ဖြစ်ပါတယ်။
အဲဒီကား ကို ခုနစ်နှစ်ကြာ တီထွင်ခဲ့ကြတာဖြစ်ပါတယ်။ စမ်းသပ်မောင်းနှင်မှု ကို ၂၀၁၂ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး လေထဲမှာ ရှစ်မိနစ်သာ ပျံသန်းနိုင်ခဲ့ပါတယ်။ ကားမှာ ထိုင်ခုံ နှစ်ခု ၊ဘီးလေးခု နှင့် ခေါက်ချိုးနိုင်တဲ့ အတောင်ပံ ပါရှိပါတယ်။ ခေါက်ချိုးနိုင်တဲ့ အတောင်ပံကြောင့် ကားလိုမောင်းနှင်နိုင်တာဖြစ
Company က TF-X Model ကို ထုတ်လုပ်ထားပြီး ပျံသန်း ဖို့ ပြေးလမ်းမလိုအပ်ဘူးလို့ သိရပါတယ်။ အဲဒီအတွက် ကားလမ်းမမှာ ကားပိတ်နေရင် ပျံသန်း သွားနိုင်ပါတယ်။ လူလေးယောက် လိုက်ပါစီးနင်း နိုင်ပြီး မိုင်ငါးရာ အထိ မရပ်မနား မောင်းနှင်နိုင်ပါတယ်။ TF-X Model ကို စမ်းသပ်မှု မပြုလုပ်ရသေးသလို ဈေးနှုန်း လည်း မသတ်မှတ်ရသေးပါဘူး။ လာမယ့် ရှစ်နှစ် ကနေ ၁၂ နှစ်အတွင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။
Credit>>> Myanmar Digital Life
0 comments:
Post a Comment