Powered by Blog - Widget

Friday, March 7, 2014

Google က LG နဲ့ ပူးပေါင်းပြီး Nexus 6 ကို ထုတ်လုပ်မည်




Post By Aung Ko Htet ( MM IT Knowledge)


Google က Nexus 6 ကို ထုတ်လုပ်ဖို့ LG နဲ့ စကားပြောဆိုနေတယ်လို့ သိရပါတယ်။ LG G2 ကို စွမ်းဆောင်ရည် လျှော့ထားတဲ့ ဗားရှင်း ဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ သတင်းတွေအရ Nexus 6 မှာ Quad HD (1440x2560 Pixels ) Display နဲ့ 64-bit Processor တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Google နဲ့ LG တို့ ပူးပေါင်းပြီး Nexus 4, Nexus 5 နဲ့ Google Play Edition LG G Pad 8.3 တို့ကို ထုတ်လုပ်ခဲ့ကြပြီးပါပြီ။ အစဉ်အလာအရ နောက်ထုတ်မယ့် Nexus ကို LG ကို ထုတ်လုပ်ခိုင်းမှာ ဖြစ်ပါတယ်။

Nexus 6 ကို ဇူလိုင်လ မတိုင်မီ မှာ ရောင်းချမှာ မဟုတ်ဘူးလို့ Google မှ Sundar Pichai က ပြောကြားခဲ့ဖူးပါတယ်။ Google က နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ Deveolper Conference ကို ဇွန်လမှာ ကျင်းပမှာ ဖြစ်တဲ့အတွက် အဲဒီပွဲမှာ Nexus 6 ကို ထုတ်ဖော်ပြသနိုင်တယ်လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ပါတယ်။

Nexus Device နဲ့ Google Play Edition Device များမှာ Pure Android ကို အသုံးပြုထားကြတာဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ်သူများ ရဲ့ ဆော့ဝဲများ နဲ့ Apps များ မပါရှိကြပါဘူး။ Pure Android ကို မြည်းစမ်းချင်သူများ အတွက် Nexus 6 က ရွေးချယ်စရာ တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။


Credit>>> Myanmar Digital Life 

0 comments:

Post a Comment