Thursday, March 6, 2014
Home »
Knowledge
,
နည်းလမ်းများ
» YouTube Player ရဲ့ အရွယ်အစားကို နှစ်သက်သလို ပြောင်းလဲနိုင်မယ့် YouTube Resize
YouTube Player ရဲ့ အရွယ်အစားကို နှစ်သက်သလို ပြောင်းလဲနိုင်မယ့် YouTube Resize
Post By Aung Ko Htet ( MM IT Knowledge)
YouTube မှာ ဗီဒီယို ကြည့်တဲ့အခါမှာ Player ရဲ့ အရွယ်အစား ကို Small, Medium, Full Screen စသဖြင့် သုံးမျိုးပြောင်းလဲကြည့်နိုင်ပါတယ်။ Player ရဲ့ အရွယ်အစား ကို နှစ်သက်သလို ပြောင်းချင်ရင် YouTube Resize ဆိုတဲ့ Extension ကို အသုံးပြုနိုင်ပါတယ်။ YouTube Resize ကို Chrome, Firefox နှစ်မျိုှးမှာ အသုံးပြုနိုင်ပါတယ်။
Extension ကို အင်စတော လုပ်ပြီးရင် Player ရဲ့ ထောင့်စွန်း တွေ အပေါ် Mouse Cursor တင်ကြည့်ရင် မျှားပုံသဏ္ဍာန် ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Drag ဆွဲပြီး နှစ်သက်ရာ အရွယ်အစား ကို ပြောင်းလဲနိုင်ပါတယ်။ Page ရဲ့ အပေါ်ဆုံးမှာ Video Player ကို ပြပေးမှာ ဖြစ်ပါတယ်။ Related Video တွေကို Player ရဲ့ အောက်မှာ ပြပေးမှာ ဖြစ်ပါတယ်။
Resize Extension က Embedded Videos တွေမှာ အလုပ်မလုပ်ဘဲ YouTube ၀က်ဆိုက်မှာ ပဲ အလုပ်လုပ်တာ ဖြစ်ပါတယ်။ အခြား ၀က်ဆိုက်တွေက YouTube Video Player တွေကို Resize မလုပ်ပေးနိုင်တာဖြစ်ပါတယ်။ နောက်ပြီး YouTube ရဲ့ Flash Player နဲ့ ပဲ အလုပ်လုပ်ပြီး HTML 5 Player နဲ့ အလုပ်မလုပ်ပါဘူး။
Resize Extension ကို Chrome နဲ့ Firefox တို့အတွက် အောက်က လင့် မှာ ရယူနိုင်ပါတယ်။
Chrome အတွက် Extension ကို အောက်က link တွင်ရယူနိုင်ပါတယ်။
Extension ရယူရန် >>>>
Firefox အတွက် Extension ကို အောက်က link တွင်ရယူနိုင်ပါတယ်။
Extension ရယူရန် >>>
Credit>>> Myanmar Digital Life
0 comments:
Post a Comment