Powered by Blog - Widget

Saturday, April 12, 2014

Chromebook Braswell ချစ်ပ်ကို Intel ထုတ်ဖော်ပြသ



Aung Ko Htet (MM IT Knowledge)


Intel သည် "Braswell" ဟုအမည်ရသည့် ပရိုဆက်ဆာသစ်ကို ထုတ်ဖော်ပြသခဲ့ပြီး QVOD media box နှင့် 64-bit Android Kernel နည်းပညာများကို တရုတ်ကွန်ဖရင့် ဒုတိယနေ့တွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။



တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် PC ဈေးကွက်၌ နံပါတ်တစ်ရရှိထားပြီး Intel သည်တရုတ်နိုင်ငံတွင် ထုတ်ကုန်သစ်များ မိတ်ဆက်ကြေညာခဲ့ခြင်းဖြစ်သည်။ Intel ၏အကြီးတန်းဒုဥက္ကဋ္ဌ Kirk Skaugen က Braswell ချစ်ပ်ကိုမိတ်ဆက်ခဲ့ကာ ၎င်းချစ်ပ်သည် ဒေါ်လာ ၅၀၀ တန် Windows PC နှင့် Chrome book များကဲ့သို့ တန်ဖိုးနည်းထုတ်ကုန်များတွင် အသုံးပြုထားသည့် Bay Trail ပရိုဆက်ဆာနေရာတွင် အစားထိုးသွားမည် ဖြစ်ကြောင်းသိရသည်။ Braswell ကို Soc ဟုလည်းခေါ်ဆိုပြီး Intel မှထုတ်လုပ်ထားသည့် မျိုးဆက်သစ် 14-nano meter ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။



Braswell ချစ်ပ်သည် PC များတွင်အသုံးပြုနေသော Bay Trail ချစ်ပ်များထက်စွမ်းအင် ထုတ်လုပ်မှုနှင့်စွမ်းဆောင်ရည် ကောင်းမွန်ကြောင်းသိရသည်။ Intel သည် ၎င်းတည်ဆောက်ထားသည့် ထုတ်ကုန်များအတွက် 64-bit kernel Android KitKat 4.4 ကိုပြသခဲ့ပြီး QVOD နည်းပညာဖြင့် တည်ဆောက်ထားသည့် media box ပါ​ဝင်သည့် ထုတ်ကုန်သစ်များကို လက်တွေ့စမ်းသပ်ပြခဲ့သည်။



-စိုးထက်
Ref: CNET

 

0 comments:

Post a Comment