Powered by Blog - Widget

Tuesday, April 29, 2014

အလိုအလျောက် စနစ်ဖြင့် ချက်ပြုတ်နိုင်မည့် ထမင်းပေါင်းအိုး



Aung Ko Htet (MM IT Knowledge)


အလိုအလျောက်စနစ်ဖြင့် ချက်ပြုတ်နိုင်တဲ့ AEK တံဆိပ်ထမင်းပေါင်းအိုးပဲ ဖြစ်ပါတယ်။ ပေါင်မုန့်ဖုတ်ခြင်း၊ ဆန်ပြုတ်ပြုတ်ခြင်း၊ ဒိန်ချဉ်ပြုလုပ်ခြင်း၊ စွပ်ပြုတ်လုပ်ခြင်းစတဲ့ အလိုအလျောက်စနစ်များနှင့် Timer စနစ်တွေပါဝင်ပြီး အလိုအလျောက် ဟင်းနွှေးပေးတဲ့စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီဂျစ်တယ် LED မြင်ကွင်းတစ်ခုပါဝင်ပြီး ထမင်းပေါင်းအိုးကို အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်မှာ ဖြစ်ပါတယ်။

အပူ ဒဏ်ကောင်းစွာခံနိုင်တဲ့ ကိုယ်ထည်ကို အသုံးပြုထားပြီး လက်ကိုင်ကွင်းလည်း တွဲဖက်ပါဝင်ပါတယ်။ ဆန်နို့ဆီဘူး နှစ်ဘူးချက်အမျိုးအစားဖြစ်ပြီး ထမင်းပေါင်းအိုးနဲ့ အတူယောက်မ တစ်ချောင်းနှင့် ယောက်ချိုဇွန်း တစ်ချောင်းပါဝင်မှာ ဖြစ်ပါတယ်။ ဒီထမင်းပေါင်းအိုးရဲ့ တန်ဖိုးကတော့ ၄၀,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး စိတ်ပါဝင်စားသူတွေ အနေဖြင့် AEK အီလက်ထရွန်းနစ်နှင့် စူပါမားကတ်ကြီးတွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။



ref: -ရဲထွဋ်​ဝင်း

0 comments:

Post a Comment