Powered by Blog - Widget

Thursday, April 24, 2014

တရုတ် အခြေစိုက် Xiaomi mobile phone company မှ smartphone အသစ်တွေကို ထုတ်လုပ်တော့မည်



Aung Ko Htet (MM IT Knowledge)

တရုတ်နိုင်ငံ ဘေဂျင်းမြို့ Mobile phone ဈေးကွက်ထဲမှာ အတော်လေးနာမည်ရလာပြီဖြစ်တဲ့ Xiaomi မှ ဆန်းသစ်လှစွာသော Smartphone များကို ထုတ်လုပ်တော့မည်ဖြစ်ကြောင်း Xiaomi ၏ CEO ဖြစ်သူ Lei Jun မှပြောကြားလိုက်သည်။

Xiaomi company မှ ၄င်းတို့၏ Product များ၏ ရောင်းအားကိုမြှင့်တင်တဲ့အနေနဲ့ အရှေ့တောင်အာရှ နိုင်ငံများတွင်သာမကပဲ အနောက် ဥရောပ နိုင်ငံများဖြစ်သည့် India, Brazil, Russia နဲ့ Mexico နိုင်ငံတွေကို ထိုးဖောက်ရောင်းချပေးသွားမှာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်တဲ့ Malaysia အပါအ၀င် Philippines , Indonesia , Thiland , Vietnam နဲ့ Turkey များကိုလည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ထပ်မံပြောကြားထားပါတယ်။ Xiaomi မှ ၄င်းတို့ Product ရဲ့ ရောင်းအားကို  2015 ခုနှစ်အထိ smat phone ပေါင်း သန်း 100 ရောင်းရမည်ဟု သတ်မှတ်ထားတယ်လို့သိရ ပါတယ်။

Xiaomi ဟာစတင် တည်ထောင်လာသည့်ကာလမှ စ၍ လေးနှစ်တာကာလအတွင်းမှာ အောင်မြင်တဲ့ တရုတ်နိုင်ငံအခြေစိုက် smartphone company တစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့တဲ့အပြင် Apple ရဲ့ Share 7% ကိုလည်း ဟောင်ကောင်၊ ထိုင်ဝမ် နဲ့ စင်ကာပူ နိုင်ငံတို့မှာ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခု လည်းဖြစ် ပါတယ်။

အဆိုပါ တရုတ်ထုတ်ကုန် တစ်ခုဖြစ်တဲ့ Xiaomi ကို ၀ယ်ယူဖို့စောင့်ဆိုင်းနေကြတဲ့  customer တွေအနေနဲ့ Xiaomi ရဲ့  ဈေးနှုန်းကို သိချင်နေကြပြီး ဈေးနှုန်းသိခဲ့ရင် online ကနေ တိုက်ရိုက်ဝယ်ဖို့တောင် အသင့် ရှိနေကြပြီလို့ တရုတ်အခြေစိုက် Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကပြောကြားခဲ့ပါတယ်။



Translate By Aung Ko Htet

Ref: Arena

0 comments:

Post a Comment