Powered by Blog - Widget

Thursday, April 24, 2014

LG G Watch အမည်ရှိ စမတ်နာရီအသစ်ကိုမကြာခင်အချိန်တွင်စတင် အသုံးပြုနိုင်တော့မည်ဟု LG ကတရားဝင်ပြောဆိုလိုက်ပြီ



Aung Ko Htet (MM IT Knowledge)

နာမည်ကြီး Electronic ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် LG ဟာသိပ် မကြာတော့ မည့်အချိန်အတွင်းမှာ Smart Watch တစ်မျိုးကို အသုံးပြုသူတွေထံစတင် မိတ်ဆက်သွားမည်ဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ကြေညာလိုက်သည်။

ယင်းစမတ်နာရီကို Android စနစ်ပေါ်မှာအခြေခံတည်ဆောက်ထားမှာဖြစ်ပြီး နာမည်ကိုတော့အရင်တုန်းကနာမည်ကြီးခဲ့တဲ့ G Watch ဆိုသည့်အမည် ကိုပေး ထားကြောင်းသိရသည်။





အဆိုပါနာရီတွင် ရေဒဏ် ၊ လေဒဏ်ခံနိုင်တဲ့စနစ်တွေကိုထည့်သွင်းထား မှာဖြစ်ပြီး အခြားသောအဆင့် မြင့်နည်းပညာများလည်းပါရှိမည် ဟုပြောဆို ထားသည်။

ယင်းနာရီကို ရွှေရောင်နှင့်အနက်ရောင်စသည့်အရောင်နှစ်မျိုးနဲ့ထုတ်လုပ် ပေးသွားမှာဖြစ်ပြီး စမတ်နာရီမျက်နှာပြင်နှင့်ပတ်သက်ပြီးထူးခြားသည့်နည်း ပညာတစ်မျိုးနဲ့ပြုလုပ်ထားမှာဖြစ်သည်ဟု LG ကအရိပ်အမြွက်ပြောကြား သွားခဲ့သည်။

ဒါ့အပြင်အဆိုပါနာရီကိုအသံဖြင့်လည်းထိန်းချုပ်နိုင်မှာဖြစ်ကြောင်းထက်မံပြောဆိုသွားခဲ့သည်။အသေးစိတ်အချက်အလက်ကိုမူ LG ကထုတ်ဖော်ပြောကြား ထားခြင်းမရှိသေးပဲ၎င်းနာရီကိုတော့ ၂၀၁၄ခုနှစ်နှောင်းပိုင်းလတွေလောက် မှရရှိမည့်ဟုသိရှိရသည်။


Ref : Mashable

အသေးစိတ်ဖတ်လိုပါက http://mashable.com/2014/04/22/lg-g-watch-water-resistant/ တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ref: WPA (TSJ Team)

0 comments:

Post a Comment