Powered by Blog - Widget

Wednesday, April 23, 2014

Samaung ပြတိုက် ဖွင့်လှစ်



Aung Ko Htet (MM IT Knowledge)
 
တောင်ကိုးရီးယားနိင်ငံ၊ Suwon မြို့မှာ ဖြစ်ပါတယ်။ Samsung ဟာ သူရဲ့ကိုယ်ပိုင်ပြတိုက်ကို Innovation Museum လို့ အမည်ပေးထားပြီး Samsung ချစ်ပရိသတ်တို့အတွက် ကိုးရီးယားကို လည်ပတ်ရင်း သွားရောက် လေ့လာနိင်မဲ့ အလည်သွားစရာနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ 


ပြတိုက်တွင် သောမတ်အယ်ဒီဆင်ရဲ့ မီးလုံးတီထွင်မူတွေနဲ့ Samuel Morse’s ရဲ့ telegraph တီထွင်မူအကြောင်းအရာတွေကိုလည်း ပြသထားတယ်လို့ သိရပါတယ်။

ဆမ်ဆောင်းဟာ အတိတ်၊ ယခု၊ အနာဂတ်စတဲ့ စူးစမ်းရှာဖွေမူတွေနဲ့ တီထွင်မူတွေကို ပြသနိင်ဖို့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး မိုက်ကယ်ဖရဒေးကနေစပြီး electronics သမိုင်းကြောင်းတွေကို
ပြည်ပြည့်စုံစုံ သိရှိနိင်စေဖို့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အတိတ်ကအကြောင်းအရာတွေမှာမှ မဟုတ်ပါဘူး။ အနာဂတ်တီထွင်မူတွေ၊ ဖြစ်ပေါ်လာမူတွေကိုလည်းသိရှိစေဖို့ ရည်ရွယ်ပြီး ပြတိုက်ထဲမှာ Apple ရဲ့ ကုန်ပစ္စည်းတွေကအစ ပြသထားတယ်လို့ သိရပါတယ်။ ဆမ်ဆောင်းရဲ့ Imageကိုတက်စေရန်အတွက်သာမကဘဲ ကျောင်းလေ့လာရေးခရီးတွေအတွက်ပါ ရည်ရွယ်ထားတာဖြစ်ပါတယ်။.

တနလာင်္နေ့မှ စနေနေ့ထိ ၁၀နာရီမှ ၆နာရီထိဖွင့်လှစ်ထားပြီး အခြား Weekdays အတွက်ဆို http://www.samsunginnovationmuseum.com/ တွင် စာရင်းပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။


ref: Smart Pro

0 comments:

Post a Comment