Powered by Blog - Widget

Wednesday, April 30, 2014

သင့် စီးပွားရေးလုပ်ငန်းများ ကို Drone ဖြင့် ကြော်ညာပါ။



Aung Ko Htet (MM IT Knowledge)
 

လူမောင်းနှင်ရန် မလိုဘဲ အဝေးမှ ထိန်းချုပ်မောင်းနှင်နိုင်သည့် Drone များ ကို စစ်ပွဲများ တွင် အသုံးပြုနေကြသကဲ့သို့ ၊ ရုပ်ရှင်ရိုက်ကူးခြင်း တွင်လည်း အသုံးပြုနေကြပါသည်။ မကြာမီ တွင် Drone များအသုံးပြုပြီး Amazon ၏ ထုတ်ကုန်များ ကို ၀ယ်ယူသူဆီသို့ အိမ်အရောက် ပို့ဆောင်ပေးခြင်းများ ကို ပြုလုပ်တော့မည် ဖြစ်သည်။

ယခုမူ စွန့်ဦးတီထွင် လုပ်ငန်းရှင်အချို့ က Drone ကို အသုံးချနိုင်မည့် စီးပွားရေးလုပ်ငန်း အသစ် တစ်ခု ကို တွေ့ရှိပြီ ဖြစ်သည်။ ထိုလုပ်ငန်းမှာ ကြော်ညာ လုပ်ငန်း ဖြစ်ပါသည်။

Gauravjit Singh က DroneCast Company ကို ဧပြီလ (၂၈) ရက်နေ့တွင် စတင်ထူထောင်လိုက်ပြီး Drone များတွင် စီးပွားရေးလုပ်ငန်းများ ၏ ကြော်ညာ စာတမ်းများ ချိတ်ဆွဲ၍ ၀န်ဆောင်မှု ပေးမည် ဖြစ်သည်။ DroneCast သည် ယခုအချိန် တွင် Philadelphia တွင် ဖောက်သည် ငါးဦး ရရှိပြီဖြစ်သည်။ Drone အသုံးပြုခ သည် တစ်နေ့လျှင် ဒေါ်လာ တစ်ရာ ကျသင့်ပြီး DroneCast တွင် ဒေါ်လာ လေးထောင်တန် Drone လေးခု ရှိပါသည်။ လူစည်ကားရာ နေရာများတွင် Drone များက ပျံသန်း ပြီး ကြော်ညာပေးမည် ဖြစ်သည်။ ကြော်ညာ စာတမ်း ၏ အရွယ်အစား ကို ခြောက်ပေအထိ အသုံးပြုနိုင်ပါသည်။ Drone က ကြော်ညာ စာတမ်း ကို ကိုင်ဆောင်ကာ မြေပြင် မှ (၂၅) ပေအမြင့် တွင် ပျံသန်းကြော်ညာ မည် ဖြစ်သည်။

DroneCast သည် အမေရိကန် ပြည်ထောင်စု လေကြောင်း အာဏာပိုင် အဖွဲ့အစည်း ၏ ခွင့်ပြုချက် ရရှိပြီလား ဆိုသည် ကို မသိရသေးပါ။ လေကြောင်း အာဏာပိုင် အဖွဲ့အစည်း က နယ်ပယ် အချို့တွင် Drone များ ကို စီးပွားဖြစ် အသုံးပြုခြင်း ကို တားမြစ်ထားပါသည်။ လေကြောင်း အာဏာပိုင် အဖွဲ့အစည်း က ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် ကောက်ပဲသီးနှံများ နှင့် တိရစ္ဆာန်များ ကို စောင့်ကြည့်ရန် လယ်သမားများ ကို Drone အသုံးပြုခွင့် ပေးခဲ့ပါသည်။

DroneCast သည် Drone ကို စီးပွားဖြစ် အသုံးပြုနေသည့် တစ်ခုထဲသော Company မဟုတ် ဟု သိရပါသည်။ အခြား Philadelphia အခြေစိုက် Company တစ်ခု ဖြစ်သည့် Manayunk Cleaners က အ၀တ်အထည်များ ကို အခြောက်လျှော် ပြီး Drone ဖြင့် ပို့ဆောင်ပေးသည့် ၀န်ဆောင်မှု ကို ပြုလုပ်နေပါသည်။ San Francisco ရှိ အိမ်ခြံမြေ အကျိုးဆောင် Company က အိမ်ခြံမြေများ ကို ၀ယ်ယူမည့်သူများ ကို ပြသရန် Drone ကို အသုံးပြုနေပါသည်။ Drone တွင် ကင်မရာ တပ်ဆင်ပြီး ၀ယ်ယူမည့် သူများ ကြည့်ချင်သည့် နေအိမ်များ ကို ပြသခြင်း ဖြစ်ပါသည်။ Domino က ဗြိတိန် တွင် Drone များ အသုံးပြုပြီး ပီဇာများ ပို့ဆောင်ပေးနေပါသည်။

ref: သူရ

0 comments:

Post a Comment