Powered by Blog - Widget

Tuesday, April 29, 2014

Lenovo Thinkpad 10



Aung Ko Htet (MM IT Knowledge)
 
Tablet တွေထဲမှာ ThinkPad ဆိုရင် Lenovo ၊ Lenovo ဆိုရင် ThinkPad တန်းမြင်သလိုပဲ ၊ Lenovo ဆိုတာ Yoga Tablet ၊ ThinkPad စီးရီးတွေနဲ့ ကျော်ကြားတဲ့ Brand တစ်ခုလို့ ပြောလို့ရပါတယ်။
ယခု သြစတြီးရီးယားမှာ အွန်လိုင်း စတိုးတွေကအစ ရောင်းရနေတဲ့ Lenovo ThinkPad 10 ရဲ့ သတင်း ပါ။ ThinkPad 10 ဆိုတဲ့ အတိုင်း (10) လက်မအရွှယ်အစားရှိတဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်ထားကာ မကြာသေးခင်ကပဲ သြစတြီးရီးယားမှာ တရားဝင်ထုတ်ပြန်ကာ စတင်ရောင်းချနေတဲ့ Lenovo ThinkPad 10 ဖြစ်ပါတယ်။

ပေါ့ပါးလှတဲ့ ထို ThinkPad 10 ဟာ 1.6GHz quad-core Atom processor နဲ့ တိုးမြင့်နိင်တဲ့ RAM 4GB ကိုပိုင်ဆိုင်ထားပါတယ်။ 1,920 x 1,200 Resolution ရရှိမှာ ဖြစ်ပြီး 128 GB အထိ တိုးမြင့်နိင်ပါတယ်။ ကင်မရာအနေနဲ့ 8 -megapixel အနောက် ကင်မရာနဲ့ 2 -megapixel အရှေ့ ကင်မရာကို ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် အရင်မော်ဒယ်လ် စီးရီးတွေနဲ့ ကွဲပြားကာ ပိုမိုကောင်းမွန်ပြီး စွမ်းဆောင်ရည်တွေ ပြည့်ဝ လာတာကိုတွေ့ရပါတယ်။

credit>>> Aung Heine ...

0 comments:

Post a Comment