Powered by Blog - Widget

Tuesday, April 29, 2014

Blackphone တွင် Nvidia Tegra ချစ်ပ် အသုံးပြုမည်



Aung Ko Htet (MM IT Knowledge)

ပြီးခဲ့သည့် ရက်အနည်းငယ်က Blackphone နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ထွက်ပေါ်ခဲ့ပြီး ၎င်းတွင် Nvidia ၏ 2GHz quad-core Tegra 4i ချစ်ပ်ကို အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။



အဆိုပါ ပရိုဆက်ဆာသည် ARM ၏ Cortex-A9 r4 CPU ကိုအခြေခံဖန်တီးထားပြီး 60 GPU core များပါဝင် ကာ i500 LTE modem ကို ထည့်သွင်း ပေါင်းစပ်ထားသည်။



လုံခြုံမှုအတွက် အထူးထုတ်လုပ်ထားသော Blackphone ကို ဖန်တီးသည့် SGP Technologies က ဖုန်း၏ ရှေ့ကင်မရာတွင် 5-megapixel ပါဝင်လာမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အခြား အသေးစိတ် အချက်အလက်များအရ Blackphone တွင် 1,280 x 800 pixel resolution ပါဝင်သည့် ၄.၇ လက်မ မျက်နှာပြင် အသုံးပြုထားပြီး ကျောဘက် တွင် 8 megapixel ကင်မရာပါဝင်ကာ onboard storage16GB နှင့် RAM 1GB ပါဝင်လာမည် ဖြစ်သည်။



Blackphone ၏ ဆော့ဖ်ဝဲလ်သည် လူအများ အဓိကစိတ်ဝင်စားသည့် အရာဖြစ်လာပြီး Google ၏ Android operating system ကို ပြုပြင်မွမ်းမံထားသည့် PrivatOS ကို အသုံးပြုထားသည်။ အဆိုပါ Blackphone ကို ဥရောပ၊ မြောက်အမေရိကနှင့် တောင်အမေရိကတို့ရှိ သုံးစွဲသူများထံ ဇွန်လ၌ တင်ပို့ရောင်းချမည် ဖြစ်သည်။



Ref: CNET

0 comments:

Post a Comment