Powered by Blog - Widget

Saturday, April 26, 2014

Japan Company က 4K Display ကို ပြသ



Aung Ko Htet (MM IT Knowledge)
 
တီဗီ ဈေးကွက် တွင် 4K UHD TV များပေါ်ထွက်နေပြီဖြစ်သော်လည်း တက်ဘလက် ဈေးကွက် တွင်မူ Full HD နှင့် သူ့ထက် အနည်းငယ် Resolution မြင့်မားသည့် တက်ဘလက်များသာ ပေါ်ထွက်နေပါသည်။ Toshiba က မကြာမီ က ၁၅.၆ လက်မအရွယ် 4K Laptop ကို ကြေညာခဲ့ပါသည်။ Apple နှင့် Samsung တို့ကဲ့သို့ တက်ဘလက်ဈေးကွက် တွင် အောင်မြင်နေသည့် ထုတ်လုပ်သူများ က 4K Tablet များ ထုတ်လုပ်နိုင်ခြင်း မရှိသေး ဟု သိရပါသည်။

ယခုအခါ ဂျပန် အခြေစိုက် Display ထုတ်လုပ်သည့် JDI Company က ၁၀.၁ လက်မအရွယ် IPS LCD Display ကို ပြသလိုက်ပြီး 3840x2160 Ultra HD Resolution ရှိပါသည်။ တက်ဘလက်များ အတွက် အထူးရည်ရွယ်ပြုလုပ်ထားပါသည်။ နမူနာ Display များကို ထုတ်လုပ်သူများ ဆီသို့ စတင်ပို့ဆောင်ပေးနေပြီ ဖြစ်သည်။ ထို့အတွက် မကြာမီ အချိန်တွင် 4K Tablet များ ထွက်ပေါ်လာဖွယ်ရှိနေပါသည်။

အဆိုပါ Display ၏ တစ်လက်မလျှင် Pixel သိပ်သည်းဆ မှာ (၄၃၈) ဖြစ်ပါသည်။ Apple iPad Air ၏ RETINA DISPLAY မှာ တစ်လက်မလျှင် PIXEL သိပ်သည်းဆ (၂၆၄) သာရှိပါသည်။ JDI ၏ 4K DISPLAY ကို မည်သည့် ထုတ်လုပ်သူများ က အသုံးပြုမည် ဆိုသည် ကို မသိရသေးပါ။

ref: သူရ

0 comments:

Post a Comment