Powered by Blog - Widget

Friday, April 18, 2014

Facebook Mobile App မှာ အနီးအနား မှ သူငယ်ချင်းတွေကို တွေ့မြင်ရမည်



Aung Ko Htet (MM IT Knowledge)
 
Facebook က Mobile App မှာ အနီးအနား မှ သူငယ်ချင်းတွေကို တွေ့မြင်ရမည့် စွမ်းဆောင်ချက် ကို ထည့်သွင်းပေးတော့မည် ဖြစ်သည်။ Nearby Friends ကို အသုံးပြုလျှင် အနီးအနား မှ သူငယ်ချင်းများ ကို သိရှိနိုင်သဖြင့် ပြင်ပတွင် တွေ့ဆုံ နိုင်မည် ဖြစ်သည်။ Nearby Friends ကို အသုံးပြုမည်ဆိုလျှင် Settings ထဲတွင် Enable ပြုလုပ်ရမည် ဖြစ်သည်။ အသုံးမပြုချင်သူများ အနေဖြင့်လည်း Disable ပြုလုပ်နိုင်ပါသည်။

Nearby Friends ကို Enable ပြုလုပ်ထားသူများသာ တည်နေရာများ ကို အချင်းချင်း မျှဝေ ကြခြင်း ဖြစ်ပါသည်။ Nearby Friends ကို Disable လုပ်ထားသူများမှာ မိမိ၏ တည်နေရာ ကို မျှဝေခြင်း မပြုသကဲ့သို့ အခြားသူများ ၏ တည်နေရာ ကိုလည်း သိရှိနိုင်ခြင်း မရှိပါ။

တည်နေရာ ကို အချိန်အကန့်အသတ် ဖြင့် ဝေမျှ နိုင်သည့် စွမ်းဆောင်ချက် လည်း ပါရှိပါသည်။ တည်နေရာ အတိအကျ ကို သူငယ်ချင်း တစ်ယောက် ဆီသို့ အချိန် အကန့်အသတ် အတွင်းတွင် မျှဝေနိုင်ပါသည်။ ဥပမာ အားဖြင့် နေ့လည်စာ စားချိန် တွင် သူငယ်ချင်း တစ်ယောက်နှင့် တွေ့ဆုံ ချင်လျှင် အချိန် အကန့်အသတ် ဖြင့် တည်နေရာ ကို ပေးပို့နိုင်ပါသည်။ ခရီးထွက်သည့် အချိန်တွင်လည်း ရောက်ရှိနေသည့် မြို့မှ သူငယ်ချင်းများ နှင့် အလွယ်တကူ တွေ့ဆုံ နိုင်သည် ဟု Facebook က ပြောပါသည်။

Nearby Friends ကို အမေရိကန် တွင် လာမည့် ရက်သတ္တပတ်များ အတွင်းတွင် Android , iOS App များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။


ref: သူရ

0 comments:

Post a Comment