Powered by Blog - Widget

Saturday, April 12, 2014

ဒေသတွင်း အင်တာနက် အသုံးပြုခြင်းကို ဆွေးနွေး



Aung Ko Htet (MM IT Knowledge)

မန်မာနိုင်ငံရဲ့ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှု အလားအလာနဲ့ ပတ်သက်ပြီးတော့ Google မှ Senior Product Lead ( Asia Pacific ) ဖြစ်သူ Andrew McGlinchey က ဦးဆောင်ပြီး ဧပြီလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ  လာရောက် ဆွေးနွေးခဲ့ပါတယ်။ Telenor ရဲ့ လစဉ်လတိုင်း ပထမဦးဆုံးသော တနင်္လာနေ့မှာ စီစဉ်တဲ့ Net Monday ဆိုတဲ့ အစီစဉ်မှာ Andrew McGlinchey က လာရောက်ဆွေးနွေးခဲ့တာပါ။ Andrew McGlinchey နဲ့ Telenor Myanmar ရဲ့ CEO ဖြစ်သူ Petter Furberg တို့ဟာ ပြည်တွင်းမှာရှိတဲ့ အင်တာနက်အသုံးပြုတွေ၊ ပညာရှင်တွေ၊ Developer တွေနဲ့ တွေ့ဆုံပြီးတော့ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့တဲ့ Net Monday အစီအစဉ်မှာ Andrew McGlinchey က မြန်မာနိုင်ငံရဲ့ Google အသုံးပြုမှု အခြေအနေကို အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြသခဲ့ပါတယ်။ ဒါ့အပြင် Andrew McGlinchey က အင်တာနက်မှာ အသုံးပြုတဲ့ မြန်မာဘာသာစကားနဲ့ ပတ်သက်ပြီး တက်ရောက်လာသူတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ Net Monday ဆိုတာကတော့ လစဉ်လတိုင်း အခန်းဆက်ပြုလုပ်သွားမယ့် အစီအစဉ်တစ်ခုဖြစ်ပြီးတော့ ယခုအစီအစဉ်ကတော့ ဒုတိယမြောက်အစီအစဉ်ဖြစ်တယ်လို့ Telenor Myanmar က ပြောဆိုခဲ့ပါတယ်။


ref: မြင့်ကျော်လှိုင်၊ ထွန်းထွန်း
 

0 comments:

Post a Comment