Powered by Blog - Widget

Wednesday, April 30, 2014

Google ၏ အလိုအလျှောက်မောင်းနှင်သည့် ကားများ မြို့တွင်းလမ်းများ တွင် မောင်းနှင်ရာ ၌ ပိုမိုကောင်းမွန်လာ



Aung Ko Htet (MM IT Knowledge)

Google ၏ အလိုအလျှောက်မောင်းနှင်သည့် ကားများ သည် လမ်းမများပေါ်တွင် မောင်းနှင်နိုင်သည် မှာ ကြာပြီ ဖြစ်သော်လည်း မြို့ပြင်လမ်းမများ တွင်သာ စမ်းသပ်မောင်းနှင်ခြင်း ဖြစ်ပါသည်။ ရှုပ်ထွေးသော မြို့တွင်းလမ်းမများ တွင် မောင်းနှင်ရန် အတွက်မူ နည်းပညာ အခက်အခဲများ ကို ရင်ဆိုင်ခဲ့ရပါသည်။ အဆိုပါ နည်းပညာ အခက်အခဲ ကို Google က ဖြေရှင်းနိုင်ပြီ ဖြစ်သည် ဟု Google ၏ ဘလော့ တွင် ဆောင်းပါး တစ်ပုဒ် ရေးသားထားပါသည်။

မြို့ပြင်လမ်းမများ နှင့် နှိုင်းယှဉ်လျှင် မြို့တွင်းလမ်းမများ သည် နေရာ ကျဉ်းမြောင်းပြီး လူများ၊ ကားများ စသည့် အရာဝတ္ထုရာပေါင်းများစွာ လှုပ်ရှားသွားလာနေကြသည် ဟု Google က ပြောပါသည်။ ထို့အတွက် Google က တစ်ချိန်ထဲတွင် အရာဝတ္ထုများစွာ ကို အာရုံခံနိုင်ရန် ဆော့ဝဲ ကို တီထွင် ခဲ့ရပါသည်။

အလိုအလျှာက် မောင်းနှင်သည့် ကားသည် ယခုအခါ လမ်းသွားလမ်းလာများ ၊ ဘတ်စ်ကားများ ၊ ကားရပ်နားရပ် ညွှန်ကြားသည့် ဆိုင်းဘုတ်များ၊ စက်ဘီးစီးသူ ၏ လမ်းကြောင်း ပြောင်းရန် အချက်ပြမှုများ ကို တစ်ပြိုင်နက် သိရှိနိုင်ပါသည်။ အလိုအလျှောက် မောင်းနှင်သည့် ကားသည် ၂၀၁၂ ခုနှစ် စတင် စမ်းသပ်စဉ် မှ ယခုအချိန်အထိ မိုင်ပေါင်း ခုနစ် သိန်း ကို မောင်းနှင်ပြီး ဖြစ်ပါသည်။

Google ၏ အလိုအလျှောက်မောင်းနှင်သည့် ကားများ မြို့တွင်းလမ်းများ တွင် မောင်းနှင်ပုံ ကို အောက်က ဗီဒီယို တွင် လေ့လာနိုင်ပါသည်။ 




အောက်က link ကိုနှိပ်၍ ဗီဒီယိုကိုကြည့်နိုင်ပါတယ်။ 


https://www.youtube.com/watch?v=dk3oc1Hr62g


ref: သူရ

0 comments:

Post a Comment