Powered by Blog - Widget

Friday, April 18, 2014

LG G3 ရွှေရောင်လာမည်



Aung Ko Htet (MM IT Knowledge)


LG က စွမ်းဆောင်ရည်မြင့် G3 ကို ရွှေရောင် ထုတ်လုပ်ရောင်းချမည် ဟု သိရပါသည်။ iPhone 5S, Galaxy S5 , HTC One စသည့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများ ကို ရွှေရောင်ထုတ်လုပ်ရောင်းချနေကြသည့် အတွက် LG ကလည်း G3 ကို ရွှေရောင် ထုတ်လုပ်ရောင်းချခြင်း ဖြစ်နိုင်ပါသည်။ LG G3 ၏ ရွှေရောင်ဘူးခွံ ဓာတ်ပုံ ကို The Verge က တွေ့ရှိခဲ့သည် ဟု သိရပါသည်။

LG က G2 ကိုလည်း ရွှေရောင် ထုတ်လုပ်ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။ LG က G3 ကို ရွှေရောင် ထုတ်လုပ်ရောင်းချမည် ဆိုသည့် သတင်းကို အတည်ပြုခြင်းမရှိသေးသော်လည်း 2560x1440 Pixels Resolution Display တပ်ဆင်ထားမည် ဟု အတည်ပြုပါသည်။ အခြားသတင်းအရင်းအမြစ်များ က LG G3 သည် မကြာမီက သတင်းထွက်ပေါ်ခဲ့သည့် LG isai Fl နှင့် ဆင်တူမည် ဟု သိရပါသည်။ LG isai FL ကို LGL22 ဟုလည်း ခေါ်ဆိုပြီး မျက်နှာပြင် ၏ ဘေးပတ်လည်ရှိဘောင်များ ကို သေးငယ်အောင် ပြုလုပ်ထားပြီး ဂျပန်တွင် ရောင်းချမည်ဖြစ်သည်။

ထွက်ပေါ်နေသည့် သတင်းများအရ LG G3 တွင် ၅.၅ လက်မအရွယ် QHD Display , 32GB Storage, MicroSD Card Slot(Up to 64GB) , Android 4.4.2 KitKat, 13 Megapixel Camera တို့ တပ်ဆင်ထားမည် ဖြစ်သည်။ တပ်ဆင်ထားသည့် Chipset နှင့် ပတ်သက်သည့် သတင်းများမှာမူ ကွဲပြားလျက်ရှိသည်။ LG G3 တွင် 2.3GHz Quad-Core Qualcomm Snapdragon 800 Processor တပ်ဆင်ထားမည်ဟု သိရသကဲ့သို့ ပိုမိုအဆင့်မြင့်သော 801 Processor တပ်ဆင်ထားမည် ဟုလည်း သိရပါသည်။

LG G3 ကို မေလ (၁) ရက် သို့မဟုတ် (၁၇) ရက်နေ့တွင် ရောင်းချမည် ဟု သတင်းများ ထွက်ပေါ်နေပါသည်။

ref: သူရ

0 comments:

Post a Comment