Powered by Blog - Widget

Thursday, April 24, 2014

Temperature 300 Degrees Celsius အထိခံနိုင်သည့် MicroChip



Aung Ko Htet (MM IT Knowledge)
 
ကျွန်ုပ်တို့ကမ္ဘာမြေကြီး၏ အတွင်းပိုင်းအပူသည် 7000 Degrees Celsius ခန့်ရှိပြီး ၄င်းအပူချိန်သည် ကျွန်ုပ်တို့၏ အနာဂတ်စွမ်းအင်တစ်ခုပင်ဖြစ်ပါသည်။ သို့သော် အဆိုပါစွမ်းအင်ကို အသုံးပြုရန် ကျွန်ုပ်တို့ထံတွင် ယုံကြည်စိတ်ချရမည့် နည်းပညာများလည်း လိုအပ်နေပါသေးသည်။ ၄င်းမြေအောက် အပူချိန်များသည် ကီလိုမီတာ ရာကျော်ခန့်အထိအောင် ရောက်၇ှိပူပြင်းသဖြင့် မြေအောက်သို့ထည့်သွင်း စမ်းသပ်သည့် အလုပ်များ လုပ်ဆောင်ရသောအခါ အသုံးပြုရသည့် အီလက်ထရောနစ်ပစ္စည်းများသည်လည်း ပြဿာနာ ပေါင်းစုံနှင့် ရင်ဆိုင်နေရပါသည်။

ထို့ကြောင့် Fraunhofer တက္ကသိုလ်မှ Microelectronic Circuits & Systems (IMS) ဌာနမှ ၄င်းပြဿ နာကိုဖြေရှင်းနိုင်ရန် Microchip ပုံစံသစ်တစ်ခုကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါ Chip အနေဖြင့် အပူချိန် 300 degrees Celsius အထိ ခံနိုင်ရည်ရှိပြီ မည်သည့်ပြဿာနာကိုမှ ဖြစ်ပေါ်စေမည်မဟုတ်ပေ။ အင်ဂျင်နီယာ များအနေဖြင့် မြေအောက်သို့ တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရသည့်အခါ အသုံးပြုသည့် သမားရိုးကျ Semiconductor Chips များသည် အပူချိန် ၂၀၀ အထိသာ ခံနိုင်ပြီးသော်လည်း ၄င်းအပူချိန်မတိုင်မီ စွမ်းဆောင်မှုများ ပျောက်ဆုံးကုန်သလို အပူချိန် ၂၅၀ သို့ရောက်သောအခါ မီးလောင်ပျက်စီးသွားကြပါသည်။

ထို့ကြောင့် ၄င်းတို့အတွက် အအေးပေးစနစ်များ ထည့်သွင်းအသုံးပြုသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ယခုတီထွင် ထားသည့် Chip ပြားတွင် အအေးပေးစနစ်များ တွဲဘက်အသုံးပြုစရာမလိုဘဲ အပူချိန် ၃၀၀ အထိ ခံနိုင်မည် ဖြစ်ပါသည်။ အင်ဂျင်နီယာများအနေဖြင့် ယခုကဲ့သို့ အပူချိန်ကို ခံနိုင်ရန် Silicon-on-Insulator (SOI) ကို အသုံးပြုထားပြီး Geothermal Research အတွက်များစွာ အသုံးဝင်သော Chip တစ်ခုဖြစ်လာတော့မည် ဖြစ်ပါသည်။

Ref:WCU
WorldWide(BMSTU)

0 comments:

Post a Comment