Powered by Blog - Widget

Tuesday, April 29, 2014

ဆက်သွယ်ရေး နည်းဥပဒေသုံးခု ရှေ့နေချုပ်ရုံးသို့ တင်ပြထား


Aung Ko Htet (MM IT Knowledge)


ဆက်သွယ်ရေး ဥပဒေထွက်ရှိလာသည့် နောက်ပိုင်းဆက်သွယ်ရေး နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ဆက်သွယ်ရေး နည်းဥပဒေသုံးခုကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဦးကပြောသည်။



ရှေ့နေချုပ်ရုံးသို့ တင်ပြထားသည့် ဆက်သွယ်ရေး နည်းဥပဒေသုံးခုမှာ လိုင်စင်နှင့်ပတ်သက်သည့် နည်းဥပဒေ၊ ပြိုင်ဆိုင်ခြင်းနှင့် ပတ်သက်သည့် နည်းဥပဒေ၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် ဥပဒေများဖြစ်သည်ဟု သိရသည်။



ဆက်သွယ်ရေး ဥပဒေအရ နည်းဥပဒေ ငါးခုထွက်ရှိလာမည်ဖြစ်ပြီး ရှေ့နေချုပ်ရုံးသို့ တင်ပြရန်ကျန်ရှိနေသေးသည့် ဆက်သွယ်ရေးနည်းဥပဒေနှစ်ခုမှာ Numbering နည်းဥပဒေနှင့် Spectrum နည်းဥပဒေ ဖြစ်သည်ဟုသိရသည်။ နည်းဥပဒေအားလုံးသည် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သော်လည်း အများစုမှာလိုင်စင်နှင့် ပတ်သက်သည့် နည်းဥပဒေကို စိတ်ဝင်စားမှု များပြားနေသည်ဟု သိရသည်။



ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးနည်းဥပဒေများကို ၂၀၁၄ ခုနှစ် မတ်လအတွင်း ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့သည်ဟုသိရသည်။ ဆက်သွယ်ရေး နည်းဥပဒေများ ထွက်ရှိလာခြင်းသည် ရှေ့နေချုပ်ရုံးမှ ပြန်လည်ထွက်ရှိလာသည့် အချိန်ကာလအပေါ် မူတည်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။



-မြင့်ကျော်လှိုင်

0 comments:

Post a Comment