Powered by Blog - Widget

Wednesday, April 30, 2014

အထပ်ပေါင်း ၉၅ ထပ်ကို ၄၃ စက္ကန့်အတွင်းအရောက်သွားနိုင်မည့်ကမ္ဘာ့အမြန်ဆုံးဓာတ်လှေကား



Aung Ko Htet (MM IT Knowledge)


Hitachi ၏ Ultra-High-Speed ဓာတ်လှေကားသည် မီတာ ၄၄၀ အမြင့်၊ အထပ်ပေါင်း ၉၅ ထပ်ပါဝင် သောတရုတ်နိုင်ငံရှိ Guangzhou CTF Finance Centre တွင် တည်ရှိပြီး ၄င်းအမြင့်ကို ၄၃ စက္ကန့်အတွင်းရောက်ရှိနိုင်သည်ဟုဆိုပါသည်။ အဆိုပါရွေ့လျားမှုသည် တစ်နာရီလျှင် ၇၂ ကီလိုမီတာအမြန်နှုန်းရှိခဲ့သောကြောင့် ကမ္ဘာ့အမြန်ဆုံးဓာတ်လှေကားဖြစ်လာရခြင်း ဖြစ်ပေသည်။

အဆိုပါဓာတ်လှေကားကိုဒီဇိုင်ပိုင်းဆိုင်ရာ၌ ဂျပန်နိုင်ငံမှ တွဲဖက်တာဝန်ယူတည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်မည်ဟုသိရှိရပါသည်။ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်လာပါကစီးနင်းသူများ၏ အသက်ကိုကာကွယ်မှုပေးရန် Governor ဟုခေါ်သောဘရိတ်ဖမ်းသည့်နည်းပညာကိုအသုံးပြုထားပြီးအရှိန်နှုန်းကိုထောက်လှမ်းကာအရေးပေါ်ရပ်တန့်စေနိုင်မည့် စနစ်များလည်း ပါဝင်ပါသည်။ ထို့အပြင် ဘရိတ်စနစ်တွင် အပူဒဏ်ကိုခံနိုင်မည့် ဒြပ်ပစ္စည်းများကိုလည်းအသုံးပြုထားသည်ဟုသိရှိရပါသည်။

စီးနင်းသူများအတွက် အမြန်နှုန်းကြောင့် ဖြစ်ပေါ်လာမည့် တုန်ခါမှုများကိုလျော့ချပေးနိုင်ရန် ဒီဇိုင်းတည်ဆောက်ထားသောကြောင့် စီးနင်းသူများ၏ နားများကိုသက်သာစေနိုင်မည်ဖြစ်သည့်အပြင် ဓာတ်လှေကားအတွင်းရှိလေထု၏ ဖိအားကိုထိန်းညှိပေးသည့်စနစ်များလည်း ပါဝင်သည်ဟု သိရှိရပါသည်။

Ref:GM
WorldWide(BMSTU)

0 comments:

Post a Comment