Powered by Blog - Widget

Wednesday, April 30, 2014

Apple ရဲ့ iTunes အကောင့်ကိုဝယ်ယူအသုံးပြုသူ ၈၀၀မီလီယံအထိရှိလာတော့မယ်



Aung Ko Htet (MM IT Knowledge)

ယခုအခါတွင် Apple ရဲ့ iTunes အကောင့်ကိုဝယ်ယူအသုံးပြုသူများဟာ ၈၀၀မီလီယံအထိရှိလာတော့ မည်ဟု Apple ၏ CEO ဖြစ်သူ Tim Cook ကယနေ့တွင်ပြုလုပ်ခဲ့သောဘဏ္ဏာရေးတွက်ချက် မှုစစ်တမ်းကို အခြေပြုပြီးပြောဆိုလိုက်သည်။

Apple ဟာ iTunes အကောင့်နှင့်ပတ်သက်ပြီးပြီးခဲ့သည့်နှစ်ဇွန်လ တွင်ဆွေးနွေးခဲ့စဉ်က iTunes အကောင့်ကိုအသုံးပြုသူဟာ ၅၇၅မီလီယံ အထိရှိခဲ့ပြီးဖြစ်သည်။

ယခုအခါတွင် Tim Cook က ယခုစစ်တမ်းအရဆိုလျှင်လက်ရှိအချိန်မှာ iTunes အကောင့်ကိုအသုံးပြုသူ ၈၀၀မီလီယံပြည့်လုနီးပါးအခြေအနေ ကိုရောက်ရှိနေပြီဖြစ်ကြောင်း ၊ ယင်းအရေအတွက်အလွန်အံ့အားသင့် ဖွယ်ကောင်းတဲ့ပမာဏဖြစ်ကြောင်းပြောကြားထားသည်။

ယင်းရလဒ်သည် Apple အတွက်အရေးပါတဲ့ရလဒ်တစ်ခုအဖြစ်ထိပ်ဆုံးမှာ ကျန်ရှိနေမည်ဟုခန့်မှန်းထားပြီးအဆိုပါသတင်းကြောင့် Apple ၏စတော့ရှယ်ယာတန်ဖိုးဟာ ၈ရာခိုင်နှုန်းအထိတိုးမြင့်သွားခဲ့ကြောင်း သိရသည်။

Ref: Cnet

Wai Phyo Aung (TSJ Team)

0 comments:

Post a Comment