Powered by Blog - Widget

Monday, April 21, 2014

၂ မိနစ်အတွင်းအလွယ်တကူတပ်ဆင်နိုင်မည့် Jet-drive Boat



Aung Ko Htet (MM IT Knowledge)


အားကစားသမားများနှင့် ပြင်ပစူးစမ်းရှာဖွေလေ့လာရေးတွင် အသုံးလိုမည့်သူများအတွက် Jet Drive စနစ်အသုံး ပြုထားသည့် ပေါ့ပါးသော လှေတစ်မျိုးကို MOKIA အဖွဲ့အစည်းမှ ထုတ်လုပ်ခဲ့ကာ ၄င်းကို ES-Kape ဟု အမည်ပေးထားပါသည်။ အဆိုပါ လှေအနေဖြင့် ငါးဖမ်းသမားများ၊ မုဆိုးများ အတွက်လည်းအသုံးဝင် မည်ဖြစ်သလို ရေဆန်ကို သွားလာနိုင်ခြင်း သာမက ရေတိမ်ပိုင်းများတွင်လည်း မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

စီးနင်းသူ ၂ ဦးတင်ဆောင်နိုင်ကာ စံချိန်စံညွှန်းညီစွာဖြင့် ထုတ်လုပ်ထားသည့်အပြင် ၄င်း၏ ထူးခြားချက်မှာ ၃ ပိုင်းပိုင်းကာ ဖြုတ်၍ အလွယ်တကူ သယ်ဆောင်နိုင်ခြင်းပင် ဖြစ်ပါသည်။ လှေ၏ အရွယ်အစားမှာ ၃.၄ မီတာအရှည်ရှိပြီး Truck ကားပေါ်တွင်လည်း တင်ဆောင်သွားနိုင်ပေသည်။ အသုံးပြုမည့်နေရာသို့ ရောက်ရှိပါက မည်သည့်အကူပစ္စည်းကိရိယာမှ မလိုအပ်ဘဲ ES-Kape အား ၂ မိနစ် အတွင်းတပ်ဆင်နိုင်မည် ဖြစ်သလို ရေစိမ့်ခြင်းများ၊ရေ၀င်ခြင်းများ လုံး၀၇ှိမည်မဟုတ်ဘဲ ဆက်ထားသော ကြားနေရာများအား အထူးပြုလုပ်ထားသည်ဟု သိရှိရပါသည်။

အခြားသော အားသာချက်တစ်ခုနှာ လှေတွင်တပ်ဆင်ထားသည့် မော်တာစနစ်ကြောင့် ဝေးကွာသော နေရာများကိုလည်း မောင်းနှင်နိုင်ခြင်းပင် ဖြစ်သည်။ မောင်းသူအနေဖြင့် မြင်းကောင်ရေ ၇ ကောင်အားရှိသော Jet စနစ်ကို Joystick အသုံးပြု၍ မောင်းနှင်နိုင်ပြီး မောင်းနှင်ချိန် ၈ နာရီမှ ၁၀ ကြားကို ဆီ ၃ ဂါလံသာ ကုန် ကျမည်ဖြစ်ပါသည်။ ES-Kape ကိုယ်ထည်အား အဆင့်မြင့် Polyethylene ဖြင့် ပြုလုပ်ထားပြီး ရေဆွဲအားကို လည်းလျော့ချပေးနိုင်မည် MOKAI မှဆိုပါသည်။

MOKAI အနေဖြင့် ES-Kape အား ပြီးခဲ့သည့် Boot Dusseldorf ပြပွဲတွင် ထုတ်ဖော်ပြသခဲ့ပြီး ရောင်း ဈေးမှာ အမေရိကန်ဒေါ်လာ ၄၈၀၀ ရှိပါသည်။

Ref:wired
WorldWide(BMSTU)

0 comments:

Post a Comment