Powered by Blog - Widget

Tuesday, April 29, 2014

မော်တော်ယာဉ် စစ်ဆေးရေးနှင့် ပြင်ဆင်ရေး အလုပ်ရုံအတွက် ဝန်ထမ်းများ ခေါ်ယူ



Aung Ko Htet (MM IT Knowledge)


မော်တော်ယာဉ် စစ်ဆေးရေးနှင့် ပြင်ဆင်ရေး အလုပ်ရုံကြီးကို နိုင်ငံတကာ အဆင့်မီအဖြစ် ဆောင်ရွက်မည်ဟု သိရသည်။


အဆိုပါ နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်စစ်ဆေးရေးနှင့် ပြင်ဆင်ရေး အလုပ်ရုံအတွက် ဝန်ထမ်းများအား ခေါ်ယူကြောင်း ရွေးချယ်ရေးအဖွဲ့က ကြေညာသည်။ မော်တော်ယာဉ် ပြင်ဆင်ခြင်းလုပ်ငန်းတွင် လုပ်သက်အနည်းဆုံး သုံးနှစ်ရှိပြီး ပညာအရည်အချင်းအနိမ့်ဆုံး အလယ်တန်းပညာအဆင့်၊ အသက် ၂၅ နှစ်အထက်ရှိသူများ လျှောက်ထားနိုင်ကြောင်း ရွေးချယ်ရေးအဖွဲ့က ကြေညာထားသည်။ မော်တော်ယာဉ်နှင့် ပတ်သက်သော ပညာရပ်များဖြစ်သည့် ယာဉ်ပြင်ပညာသည်၊ လျှပ်စစ်ပညာသည်၊ အီလက်ထရွန်နစ် ပညာသည်များ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာသည်။ အစိုးရဝန်ထမ်း၊ တပ်အငြိမ်းစားများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။



ပညာရပ်အလိုက် (Grade 3, 2, 1) သုံးမျိုးစလုံး လျှောက်ထားနိုင်ကြောင်း၊ အမှတ် (၁၄/ ၃) ရပ်ကွက်၊ ချယ်ရီဥယျာဉ်မြို့တော်၊ တောင်ဥက္ကလာပမြို့နယ်၊ မြန်မာမော်တော်ကော်ပိုရေးရှင်း ရုံးခန်းတွင် လျှောက်ထားနိုင်
မည်ဖြစ်ကြောင်း သိရသည်။  လိုင်စင်ကာလာဓာတ်ပုံတစ်ပုံ၊ မှတ်ပုံတင်မိတ္တူ ၊ သန်းခေါင်စာရင်းမိတ္တူ ၊ ပညာရပ်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားမိတ္တူ များ ပူးတွဲ၍ ကိုယ်ရေးရာဇဝင် အကျဉ်းနှင့်အတူ
လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။



မေလ ၅ ရက်နေ့နောက်ဆုံးထားလျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်လွှာများအား စိစစ်ကာ လူတွေ့ပြုလုပ်မည့်ရက်ကို အကြောင်းကြားမည်ဖြစ်ကြောင်း ရွေးချယ်ရေးအဖွဲ့ ဖုန်း- ၀၁-၈၆၁၈၃၈၆၊ ၀၁-၈၅၀၀၆၈၂ က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ကြေညာထားချက်အရ သိရသည်။

0 comments:

Post a Comment