Powered by Blog - Widget

Wednesday, April 23, 2014

Pulse O2 က သွေးတွင်း ရှိ အောက်ဆီဂျင် ပမာဏ ကို တိုင်းတာပေးနိုင်



Aung Ko Htet (MM IT Knowledge)

 Withings က သွေးတွင် ရှိ အောက်ဆီဂျင် ပမာဏ ကို တိုင်းတာပေးနိုင်တဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တစ်ခု ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ Pulse O2 လို့ နာမည်ပေးထားပြီး အခြား ကိုယ်လက်လှုပ်ရှားမှု တိုင်းတာပေးနိုင်တဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာများ ပြုလုပ်နိုင်တဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ မှတ်သားခြင်း၊ အိပ်စက်ခြင်း နှင့် နှလုံးခုန်နှုန်း ကို တိုင်းတာခြင်း စတာတွေ အပြင် အခြားအလုပ်များ ကိုပါလုပ်နိုင်ပါတယ်။

Pulse O2 ကို လက်ကောက်ဝတ် မှာ ၀တ်ဆင်နိုင်သလို အ၀တ်အစားထဲမှာ ထည့်သွင်း တပ်ဆင်နိုင်ပါတယ်။ အနောက်ဘက် မှာ တပ်ဆင်ထားတဲ့ Lens က အသက်ရှုစနစ် ကို စောင့်ကြည့်တိုင်းတာပေးနိုင်ပါတယ်။ Pulse O2 က သတင်းအချက်အလက်များ ကို Android , iOS Smartphone များနဲ့ Bluetooth မှတစ်ဆင့် အချိန် နဲ့ တစ်ပြေးညီ Sync လုပ်ပေးနိုင်ပါတယ်။ စွမ်းအင် အသုံးပြုမှုနည်းပါးတဲ့ Bluetooth နည်းပညာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ကောက်ဝတ် မှာ ၀တ်ဆင်ဖို့အတွက် လက်ပတ် အမျိုးအစားများစွာ ပြုလုပ်ပေးထားပါတယ်။ အဲဒီထဲကမှ ရာဘာ နဲ့ ပြုလုပ်ထားတဲ့ အပြာ နဲ့ အနက်ရောင် လက်ပတ် က သက်တောင့်သက်သာ ရှိပါတယ်။ သာမာန်လက်ပတ်နာရီ ရဲ့ လက်ပတ်ကြိုးနဲ့ တူတဲ့တစ်ခုက မာကျောပြီး ၀တ်ဆင်ကြည့်ရင် ကြမ်းတမ်းပါတယ်။ နောက်ပြီး အပေါစားပုံပေါက်ပါတယ်။ Pulse O2 ကို ဒေါ်လာ ၁၁၉ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

သူရ

0 comments:

Post a Comment