Powered by Blog - Widget

Saturday, April 12, 2014

Android လည်ပတ်မှုစနစ်ဖြင့် တန်ဖိုးသင့် Nokia X



Aung Ko Htet (MM IT Knowledge)


Android version Jelly bean 4.1.2 ကို Nokia style ပြန်လည် ပြုပြင်ထားတဲ့ Nokia X software Platform 1.0 လည်ပတ်မှုနဲ့ Nokia X ဟန်းဆက် မြန်မာပြည်ဈေးကွက်အတွင်း ဝင်ရောက်လာပြီး မန်းဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။ မြန်မာစာစနစ် အထောက်အပံ့ပေးပြီး application, Game များကိုလည်း အလွယ်တကူ ထည့်သွင်းနိုင်မယ်လို့ သိရပါတယ်။ RAM 512 အသုံးပြုထားပြီး Internal memory 2GB ပါဝင်ပါတယ်။ ကင်မရာကိုတော့ 3MP Fixed Focus ထည့်သွင်း အသုံးပြုထားပါတယ်။ CPU က 1.0GHz Dual-Core ဖြစ်ပါတယ်။ ဈေးနှုန်းမှာ တစ်သိန်းနှစ်သောင်း တစ်ထောင်ကျပ်ဝန်းကျင်ဖြစ်ပြီး အရောင်အနေဖြင့် အနီ၊ အနက်၊ အစိမ်း (၃) ရောင်ရှိတဲ့အတွက် ကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Anycall Mobile (မန္တလေး) ဖုန်း ၀၂-၇၁၁၂၂ သို့ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပါတယ်။



ref: ကောင်းမြတ်ထွန်း၊ မန္တလေး
 

0 comments:

Post a Comment