Powered by Blog - Widget

Thursday, April 24, 2014

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Professional Web Developer Course with PHP (+Project Training) အမှတ်စဉ် (၅) ဖွင့်လှစ်မည်



Aung Ko Htet (MM IT Knowledge)

 ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Professional Web Developer Course with PHP (+Project Training) အမှတ်စဉ် (၅) သင်တန်းတစ်ခုကို မေလ (၅) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

PHP (Hypertext Preprocessor) သည် မြန်မာပြည်တွင်မကနိုင်ငံတကာတွင်ပါအသုံးအများဆုံး Web Programming Language တစ်ခုဖြစ်ပါသည်။ လူသိများထင်ရှားသော Wordpress, Joomla, Drupal အစရှိသော CMS များသည် PHP ပေါ်တွင်အခြေပြုတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ကမ္ဘာကျော် Facebook သည် PHP ဖြင့်တည်ဆောက်ထားခြင်းဖြစ်ပါသည်။ PHP သည်လူသုံးအများဆုံး Language များအနက် တစ်ခုဖြစ်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပေါများစွာရှိပါသည်။ ပြည်တွင်းတွင် အလုပ်လုပ်ကိုင်မည့်သူများ၊ နိုင်ငံတကာသို့ Web Developer တစ်ယောက်အဖြစ် သွားရောက်လုပ်ကိုင်မည့်သူများအတွက် မရှိမဖြစ် တတ်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။ သင်တန်းပြီးဆုံးပါက ပြည်တွင်းတွင်သာမကနိင်ငံတကာတွင်ပါ ဝင်ငွေကောင်းသော Web Developer တစ်ယောက်အဖြစ် ရပ်တည်နိင်မည်ဖြစ်ပါသည်။

ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ၊ Web Foundation တတ်မြောက်ပြီးသူများ၊ နိင်ငံတကာသို့ သွားရောက်ပြီး လုပ်ငန်းခွင်ဝင်မည့်သူများ၊ ပရောဂျက်များကိုကိုယ်တိုင်ရေးသားလိုသည့် ကျောင်းသားကျောင်သူများ၊ Thesis အတွက်ပြင်ဆင်နေသူများ၊ ဘွဲရပြီးလုပ်ငန်းခွင်ဝင်မည့်သူများ တတ်ရောက်သင့်ပါသည်။ ယခုသင်တန်းသည် ပရိုဂရမ်းမင်းဘာသာရပ်တစ်ခုကို ပုံမှန်လေ့လာ သင်ကြားခြင်းထက် ရေရှည်သွားနိင်မည့် concept နှင့် အိုင်ဒီယာများအားနားလည်နိုင်မူကို ဦးတည်သွားမည်ဖြစ်ပါသည်။ သင်တန်းကာလတွင် လက်တွေ့ပြုလုပ်ရမည့် ပရောဂျက်ကြီးတစ်ခုနှင့် အပါတ်စဉ်ဆောင်ရွက်ရမည့် ပရောဂျက်ငယ်များပါဝင်ပါသည်။ နောက်ဆုံးပရောဂျက်တွင် SVN ဟုခေါ်သော Version Control ဆာဗာနှင့်ချိတ်ဆက် စုပေါင်းပြီးရေးသားအလုပ်လုပ်ရမည်ဖြစ်သဖြင့် Team working Environment နှင့်လည်းအကျွမ်းတဝင်ရှိစေပြီး အလုပ်အကိုင်အတွက်များစွာ အထောက်ကူပြုမည်ဖြစ်ပါသည်။ သင်တန်းအားပြည်တွင်း နှင့် နိင်ငံတကာပရောဂျက် အတွေ့အကြုံရှိသော ကိုဝိန်း @ ကိုဝေလင်းထွန်း မှ သင်ကြားပေးမည်ဖြစ်ပါသည်။

ပါဝင်မည့်အကြောင်းအရာများ…..

v Setting up Apache Server Environment

v Programming Principals

v Working with local/remote MySQL Database

v Functions , Conditions, Loops, Variables

v INSERT,UPDATE ,DELETE , SELECT

v Javascript and Query

v Working with Forms

v Working with SVN Server

v A Web Development Project with PHP

သင်တန်းကာလ - မေလ (၅) ရက် မှ ဇူလှိုင်လ (၁) ၂၀၁၄ ရက်အထိ

သင်တန်းအချိန် - ညနေ ၅း၀၀မှ ၈း၀၀ နာရီ (တနင်္လာ၊ အဂါင်္)

သင်တန်းကြေး - ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်းကျပ်)၊

MCPA Member(၅၀%) - ၇၅,၀၀၀ (ခုနှစ်သောင်းငါးထောင်ကျပ်)

သင်တန်းသားဦးရေ - (၁၅) ဦး

သင်တန်းနေရာ - အဆောင် (၄)၊ အခန်း(၄)၊ MCPA Lab Room၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် မေလ (၄) ရက်နေ့ ညနေ (၄) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိသည်။

မှတ်ချက်၊ အတန်းတက်ချိန် ၇၅% မပြည့်မှီပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ…


ref: Tech space

0 comments:

Post a Comment