Powered by Blog - Widget

Monday, April 21, 2014

ဈေးနှုန်းသင့်တင့်တဲ့ Nokia Android စမတ်ဖုန်းသစ်



Aung Ko Htet (MM IT Knowledge)


Nokia X
---------------

၁၃၀,၀၀၀ ကျပ်ဝန်းကျင်
AMT Mobile Mart
01-371 923

Nokia ဆိုတာ Windows Phone တွေ ထုတ်လုပ်တဲ့နေရာမှာ ဂုရုကြီး တစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ရဲ့အသစ်ထွက် သမျှ စီးရီးတိုင်းမှာ Windows OS ကိုသာ တစ်စိုက်မတ်မတ် သုံးစွဲခဲ့ကြတယ်။ သို့သော်လည်း လက်ရှိမှာ လူသုံးအများဆုံး OS ကိုပြောပါ ဆိုရင်တော့ အားလုံးက Android ကိုပဲ လက်ညှိုးထိုးကြမှာပါ။ ဒါ့ကြောင့် Windows မှ Windows ဖြစ်နေတဲ့ Nokia အနေနဲ့ ပရိသတ် စိတ်တိုင်းကျဖြစ်စေဖို့ Android ဘက်ကို လှည့်လို့လာနေပါပြီ။ အခုပြည်တွင်းဈေးကွက်ထဲကို အသစ်ဝင်ရောက်လာတဲ့ Nokia X ဖုန်းလေးက Android OS ကို အသုံးပြုထားတဲ့ ဖုန်းလေးပါ။ Nokia အနေနဲ့ Nokia X မှာဘယ်လောက် အထိ လက်စောင်းထက်ထားလဲဆိုတာ အသေးစိတ် လေ့လာကြည့် လိုက်ရအောင်...

Design
Nokia X ရဲ့အရွယ်အစားက ၄ လက်မရှိပါတယ်။ မျက်နှာပြင်အလျားက 63 mm ရှိပြီး အနံက 115.5 mm ရှိပါတယ်။ အထူက 10.4 mm ရှိပါတယ်။ Samsung Galaxy Star Plus နဲ့ အရွယ်အစားချင်း တူသယောင်ရှိပါတယ်။ Nokia X က ပါးလွှာမှုအပိုင်းမှာတော့ နည်းနည်း ပိုပါတယ်။ သို့ပေမယ့် Galaxy Star Plus ထက် အလေးချိန်နည်းနည်း ပိုပါတယ်။ Nokia ရဲ့ မူရင်းအတိုင်း လေးထောင့်စပ်စပ် ဒီဇိုင်းပုံစံ မြင်တွေ့ရမှာပါ။

Display
Nokia X မှာ ၄ လက်မ WVGA မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။ တန်ဖိုးနည်း ဖုန်းတစ်လုံးဖြစ်တာကြောင့် 800 x 480 Resolution လောက်ပဲ အထောက်အပံ့ပြုပါလိမ့်မယ်။ HD မြင်ကွင်းတွေလောက်တော့ Quality မမြင့်ပေမယ့် ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကို မြင်တွေ့နိုင်မယ့် အနေအထားပါ။

Dual SIM
သူက ဆင်းကဒ်နှစ်ကဒ်ထည့်သုံးနိုင်တဲ့ Dual SIM ဖုန်းတစ်မျိုးပါ။ GSM နဲ့ WCDMA ဆင်းကဒ်တွေ ထည့်သွင်းအသုံးပြု နိုင်ပါတယ်။

Battery
1500 mAh သိုလှောင်နိုင်စွမ်းရှိတဲ့ ဘတ်ထရီကို တပ်ဆင်ပေးထားတာပါ။ ဘတ်ထရီကို ဖြုတ်တပ်လို့ ရပါတယ်။ Standby အနေနဲ့ ထားမယ်ဆိုရင် အများဆုံး ၂၈ ရက်အထိ အထားခံနိုင်စွမ်းရှိပြီး Talk Time မှာဆိုရင် 3G Network မှာ ၁၀ နာရီခွဲကြာ အသုံးခံနိုင်စွမ်းတွေ ရှိနေပါတယ်။ မဆိုးဘူးလို့ ပြောရမယ့် အနေအထားပါ။

Processor
Nokia X ကို Nokia စမတ်ဖုန်းတွေထဲ ဈေးနှုန်းအနည်းဆုံးအဖြစ် ထုတ်လုပ်ထားပေမယ့် Processor ပိုင်းကိုတော့ လုံလုံလောက်လောက် ထည့်ပေးထားတာ တွေ့ရပါတယ်။ Qualcomm ထုတ် Snapdragon S4 Processor မျိုးကို သုံးထားတာ ဖြစ်ပြီး Dual-core 1 GHz မြန်နှုန်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုအရည်အသွေးမြင့် Processor ကိုသုံးပေးထားခြင်းကြောင့်ပဲ ပေးချေလိုက်ရတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ အရည်အသွေးကို ရရှိတယ်လို့ ခံစားရစေပါတယ်။

OS
Android OS ဗားရှင်း 4.1.2 (Jelly Bean) ကိုသုံးထားပါတယ်။ ယခင် Windows Phone တွေလို App ရှားပါးတဲ့ ပြဿနာ မကြုံတွေ့ရတော့ ပါဘူး။ Android OS ဖြစ်တဲ့အတွက် Download ဆွဲနိုင်မယ့် App တွေ သိန်းနဲ့ချီရှိနေပါပြီ။

Memory
ဖုန်းထဲမှာ အချက်အလက်တွေ သိမ်းဆည်းနိုင်ဖို့ 4GB ထည့်ပေးထားပါတယ်။ 4GB ဆိုတာ ဂိမ်းတွေထည့်သွင်း ဆော့ကစားတတ်သူ၊ App တွေ ကလိတတ်သူအတွက်တော့ လုံလောက်တဲ့ Memory တော့မဟုတ်ပါဘူး။ ဒါ့ကြောင့် MicroSD Slot ကနေ 32GB အထိ ထပ်စိုက်သုံးဖို့ ခွင့်ပြုပေးထားပါတယ်။ RAM ကိုတော့ 512 MB လောက်ပဲ ထည့်သွင်းပေးထားတာက စိတ်မကောင်းစရာပါ။ တန်ဖိုးမြင့် ဖုန်းတစ်လုံး မဟုတ်လေတော့ RAM ပိုင်းအားနည်းတာ အပြစ်လို့မဆိုသာပါဘူး။

Camera
အနောက်ဘက် Main ကင်မရာကို 3MP လောက် ထည့်သုံးထားပါတယ်။ ဒီကင်မရာက 2048 x 1536 pixels Resolution နဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်းရှိပါတယ်။ Digital Zoom ကို 4x အထိ ဆွဲယူနိုင်စွမ်းရှိပြီး f/2.8 aperture စွမ်းရည်တွေ ပိုင်ဆိုင်ထားပါတယ်။ မြင်ကွင်းကျယ် Panorama ပုံရိပ်တွေအဖြစ်လည်း ရိုက်ကူးနိုင်စွမ်း ရှိပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အချက်က ရှေ့ကင်မရာမတပ်ဆင်ထားခြင်းပါ။

Colourful
Nokia X က တကယ့်ကို Colourful ပါပဲ။ အဖြူ၊ အနက်၊ အစိမ်း၊ အနီ၊ စိမ်းပြာ၊ အဝါဆိုပြီး အရောင် ၆ ရောင်ထုတ်လုပ်ထားပါတယ်။ ပြည်တွင်းဈေးကွက်ထဲမှာတော့ ရွေးချယ်စရာအဖြစ် အနက်၊ အနီနဲ့ အစိမ်းရောင်ဆိုပြီး အရောင်သုံးရောင် ရှိပါတယ်။

ဒီဇိုင်းဆန်းတဲ့ Android စမတ်ဖုန်းတစ်လုံးကို ကိုင်ဆောင်ဖို့ စဉ်းစားနေတယ် ဆိုရင်တော့ Nokia X က အသင့်လျော်ဆုံး ဖြစ်မယ်လို့ ဆိုချင်ပါ တယ်။ မိုဘိုင်းချစ်ပ်လောကမှာ နာမည်ကြီးတဲ့ Qualcomm ထုတ် Dual-core Processor သုံး စမတ်ဖုန်းတစ်လုံးကို ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူ အသုံးပြုနိုင်ခြင်းက အခွင့်အရေးကောင်းတစ်ခုပဲဆိုတာ အကြံပြုလိုက်ပါရစေ။

Specifications
- 4.0 inches WVGA Display
- 4 GB Storage, 512 MB RAM
- 3 MP Camera
- Android OS, v4.1.2 (Jelly Bean)
- Qualcomm Snapdragon S4 Dual-core 1 GHz Processor
- Li-Ion 1500 mAh Battery
-----------------------------------------------------

May Thazin (TSJ Team)



0 comments:

Post a Comment