Powered by Blog - Widget

Saturday, April 12, 2014

Note II ထက် အရွယ်အစား အနည်းငယ်သေးတဲ့ Note III neo



Aung Ko Htet (MM IT Knowledge)

မြန်မာစာအသင့် ပါဝင်တဲ့ Samsung Galaxy Note III neo ကို Anycall Mobile (မန္တလေး) ၇၈ လမ်း (၂၇×၂၈) ကြားမှာ သွားရောက်မှာယူ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ GSM/WCDMA ကို Micro-Sim ပြုလုပ်ကာ ထည့်သွင်းအသုံးပြုရမှာဖြစ်ပြီး 2G, 3G Network တွေမှာ ပြောဆိုဆက်သွယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စကရင် အရွယ်အစား ၅.၅ လက်မဖြစ်ပြီး Super AMOLED Capactive touchscreen အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ Internal memory-16GB ပါဝင်လာပြီး Micro SD နဲ့ 64GB ထပ်မံတိုးမြှင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ RAM-2GB ထည့်သွင်းပေးထားပြီး CPU အနေနဲ့ Quad-core 1.3 GHz Cortex A7 & dual-core 1.7 GHz Cortex A15 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Android Version 4.3 (Jelly Bean) ဖြစ်ပြီး နောက်ကင်မရာက 8MP နဲ့ရှေ့ကင်မရာက 2MP ဖြစ်ပါတယ်။ Li-Ion 3100mAh battery ကို ထည့်သွင်း အသုံးပြုထားပါတယ်။ Samsung Galaxy Note III neo ကို ဈေးနှုန်း ၄၈၅၀၀၀ ကျပ်ဖြင့် Anycall Mobile (မန္တလေး) ၇၈ လမ်း (၂၇ထ၂၈)ကြား ဖုန်း ၀၂-၇၁၁၂၂ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။



ref: ကောင်းမြတ်ထွန်း၊ မန္တလေး
 

0 comments:

Post a Comment