Powered by Blog - Widget

Saturday, April 12, 2014

ယခုနှစ်နွေရာသီတွင် Windows အတွက် Kinect အသစ်ရောင်းချတော့မည်



Aung Ko Htet (MM IT Knowledge)

Microsoft မှ ကျင်းပပြုလုပ်သည့် Build Conference တွင် Windows အတွက် Kinect topfudk hardware နှင့် ၎င်း၏ Software Development Kit အဖြစ် ထွက်ရှိ လာတော့မည် ဖြစ်သည်။



Microsoft ၏ Kinect Desktop ဗားရှင်းကို ယခုနှစ်နွေရာသီတွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး toolkit များလည်း ပါဝင်ကြောင်းသိရသည်။ ထိုထက်ပိုအရေးကြီးသည်မှာ Developer များအနေဖြင့် Kinect ကို စမ်းသပ်လုပ်ကိုင်မှုများပြီးသွားလျှင် ၎င်းတို့၏ ဖန်တီးမှုများကို Windows Store ပေါ်သို့ တင်ထားနိုင်သည်။ ထို့ကြောင့် Windows စတိုးတွင် Kinect application များကို တစ်နေရာတည်းတွင် ရရှိနိုင်မည်ဖြစ်သည်။



Microsoft သည် Windows အတွက် Kinect တွင် Unity engine ကဲ့သို့ gaming ၌ အများဆုံးမြင်တွေ့ရသည့် toolkit များထဲမှ တစ်ခုကိုထောက်ပံ့နိုင်ရန် ထည့်သွင်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်အတွင်း Xbox  One အနေဖြင့် Unity ထောက်ပံ့မှုရရှိနိုင်ကာ app နှင့် game များ ကို platform နှစ်ခုဖြင့် ကစားနိုင်တော့မည်ဖြစ်သည်။

-စိုးထက်
Ref: Engadget

0 comments:

Post a Comment