Powered by Blog - Widget

Friday, April 25, 2014

Samsung က Projector ပါရှိသည့် Galaxy Beam 2 စမတ်ဖုန်း ကို ပြသ



Aung Ko Htet (MM IT Knowledge)
 
နှစ်အနည်းငယ်အကြာက Samsung က Projector ပါရှိသည့် စမတ်ဖုန်း ကို ရောင်းချခဲ့ပါသည်။ စမတ်ဖုန်း ကို Projector အဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီး ပိတ်ကားများပေါ်တွင် ကြီးမားသည့် ပုံရိပ် အနေဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါဖုန်း ကို Galaxy Beam ဟု ခေါ်ပြီး သူ၏မျိုးဆက် ဖြစ်သည့် Galaxy Beam 2 ကို ယခုအခါတွင် တရုတ်နိုင်ငံ တွင် ပြသလိုက်ပြီဖြစ်သည်။

Galaxy Beam 2 ၏ အဓိက စွမ်းဆောင်ချက် မှာ DLP Projector ပါရှိခြင်း ဖြစ်ပါသည်။ သို့သော် Specifications များမှာ စွမ်းဆောင်ရည်နိမ့်သည် ဟု သိရပါသည်။ Samsung က Galaxy Beam 2 သည် လုပ်ငန်းသုံးအဆင့် Mini Projector ဟုပြောပါသည်။ သို့သော် Samsung က အလင်းရောင် အဆင့်သတ်မှတ်ချက် ကို ကြေညာခြင်းမရှိ ဟု သိရပါသည်။ Mini Projector များသည် အလွန်မှောင်သော အခန်းတွင်သာ အလုပ်ကောင်းစွာလုပ်သည် ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။

Galaxy Beam 2 တွင် 1.2GHz Quad-Core Processor နှင့် 1GB RAM တပ်ဆင်ထားပါသည်။ ၄.၇ လက်မအရွယ် 800x400 Resolution Display ကို အသုံးပြုထားပါသည်။ Android 4.2.2 Jelly Bean ကို မောင်းနှင်လည်ပတ်မည်ဖြစ်သည်။ အနောက်ဘက်တွင် 5 Megapixel Camera ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပါသည်။

Samsung Galaxy Beam 2 ကို China Mobile Carrier မှ ရောင်းချမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ရောင်းချမည့် သတင်း ကို Samsung က ကြေညာခြင်း မရှိဟု သိရပါသည်။

ref: သူရ

0 comments:

Post a Comment