Powered by Blog - Widget

Monday, April 21, 2014

Apple, Google, Microsoft, Samsung နှင့် Carrier များက စမတ်ဖုန်းများ ခိုးယူခြင်းခံရမှု မှ ကာကွယ်နိုင်မည့် လုံခြုံရေး စံနှုန်း ကို စမတ်ဖုန်းများ တွင် ထည့်သွင်းမည်



Aung Ko Htet (MM IT Knowledge)


အမေရိကန် Carrier များနှင့် စမတ်ဖုန်း ထုတ်လုပ်သူများ က စမတ်ဖုန်းများ ခိုးယူခြင်းခံရမှု မှ ကာကွယ်နိုင်မည့် လုံခြုံရေး စံနှုန်း ကို စမတ်ဖုန်းများ တွင် ထည့်သွင်းရန် သဘောတူ လက်မှတ်ရေးထိုးလိုက်ပါသည်။ လက်မှတ်ရေးထိုးသူများ မှာ အမေရိကန် ရှိ အကြီးဆုံး Carrier ငါးခု နှင့် စမတ်ဖုန်း ထုတ်လုပ်သူများ ဖြစ်သည့် Apple, Google, Microsoft, Samsung, HTC, Huawei, Nokia တို့ ဖြစ်ကြပါသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ နောက်ပိုင်းတွင် ထုတ်လုပ်သည့် စမတ်ဖုန်းများ တွင် အဆိုပါ နည်းပညာ ကို ထည့်သွင်းမည် ဖြစ်သည်။

ပိုင်ရှင် သည် စမတ်ဖုန်း ခိုးယူခံရလျှင် ဖုန်းအတွင်း ရှိ သတင်းအချက်အလက်များ ကို အဝေးမှ ဖျက်ပစ်နိုင်မည်ဖြစ်သည်။ ဖုန်း ကို ခိုးယူသူ က ဖွင့်၍မရစေရန် လည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ပိုင်ရှင် က ဖုန်း ကို ပြန်ရလျှင် သတင်းအချက်အလက်များ ကို ပြန်လည် ရရှိစေရန် ပြုလုပ်နိုင်မည်ဖြစ်သည်။ Carrier များကလည်း အဆိုပါ နည်းပညာ ထည့်သွင်းမှု ကို ပိုမိုလွယ်ကူစေရန် ကူညီမည် ဟု ကတိပေးကြပါသည်။

အဆိုပါ စွမ်းဆောင်ချက် သည် Apple က iPhone တွင် ထည့်သွင်းပေးထားသည့် Find My iPhone နှင့် Google က Android Device များတွင် ထည့်သွင်းပေးထားသည့် Android Device Manager နှင့် ဆင်တူပါသည်။ သို့သော် စွမ်းဆောင်ချက်များ သည် ကွဲပြားသည့် အတွက် စံနှုန်း တစ်ခု အနေဖြင့် ထည့်သွင်းမည် ဖြစ်သည်။

ref: သူရ

0 comments:

Post a Comment