Powered by Blog - Widget

Wednesday, April 23, 2014

Google နှင့် HTC တို့ ပူးပေါင်းပြီး Nexus 8 Tablet ထုတ်လုပ်မည်



Aung Ko Htet (MM IT Knowledge)
 

Google နှင့် HTC တို့ ပူးပေါင်းပြီး ရှစ်လက်မ အရွယ် Nexus Tablet ကို ထုတ်လုပ်မည် ဟု Digitimes က ရေးသားထားပါသည်။ ယခင် ထွက်ပေါ်ခဲ့သော သတင်းများ အရ Google က Nexus 8 ကို Asus နှင့် ပူးပေါင်းထုတ်လုပ်မည် ဟု သိရပါသည်။ ယခု သတင်းအရ Google က Nexus 8 ကို HTC နှင့် ပူးပေါင်းထုတ်လုပ်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လ နှင့် စက်တင်ဘာလ အတွင်း ရောင်းချမည် ဟု သိရပါသည်။

Google က Asus နှင့် ပူးပေါင်းပြီး Nexus 7 Tablet ကို ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ Nexus 8 ၏ ဒီဇိုင်း ကို ဆန်းသစ်စေရန် Google က HTC နှင့် ပူးပေါင်းမည် ဖြစ်သည်။ Google က Nexus 7 ကို HTC နှင့် ပူးပေါင်း ထုတ်လုပ်ရန် ကြိုးစားခဲ့သော်လည်း HTC က ထိုအချိန်တွင် စမတ်ဖုန်း ထုတ်လုပ်မှု ကို အာရုံ စိုက်နေခဲ့သည့်အတွက် Google နှင့် ပူးပေါင်း လုပ်ကိုင်ခဲ့ခြင်း မရှိ ဟု သိရပါသည်။

Asus က သူ၏ ကိုယ်ပိုင် စမတ်ဖုန်းများ ကို တီထွင် ထုတ်လုပ်ရန် စိတ်ဝင်စားသည် ဟု Digitimes က ပြောပါသည်။ ထို့အတွက်ကြောင့် Nexus 8 Tablet ထုတ်လုပ်ရန် Google ၏ ကမ်းလှမ်းမှု ကို Asus က ငြင်းပယ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။

Google က Nexus 8 Tablet ကို ၂၀၁၄ ခုနှစ် အတွင်းရောင်းချမည် ဟု မတ်လတွင် သတင်းထွက်ပေါ်ခဲ့ဖူးပါသည်။ Nexus 8 တွင် ၈.၉ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားမည် ဟု သတင်းထွက်ပေါ်နေပြီး ဇူလိုင်လ သို့မဟုတ် သြဂုတ်လ တွင် အရေအတွက် အနည်းငယ် စတင် ထုတ်လုပ်မည် ဟု သိရပါသည်။

သူရ

0 comments:

Post a Comment