Powered by Blog - Widget

Monday, April 21, 2014

LG မှ မိုဘိုင်း Chipset သစ်တစ်မျိုးကို ထုတ်လုပ်ရန် ပြင်ဆင်နေ



Aung Ko Htet (MM IT Knowledge)


မိုဘိုင်းဖုန်းထုတ်လုပ်ရေးပိုင်းမှာ အောင်မြင်မှုရရှိနေတဲ့ LG ဟာ ယခုအခါမှာတော့ Chipset တွေကို ထုတ်လုပ်ဖို့ ဆိုင်းပြင်းနေတယ်လို့ သတင်းတွေ ထွက်ရှိလာပါတယ်။ LG က Odin chip လို့အမည်ပေးထားတဲ့ Chipset ဟာ 8-core စွမ်းရည်ရှိပြီး အမြောက်အမြား ထုတ်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

Odin chip တွေကို ARM GPU နည်းပညာအခြေပြု တည်ဆောက်မှာဖြစ်ပြီး Cortex-A15 core (၄) လုံးနဲ့ Cortex-A7 core (၄) လုံးကို ပေါင်းစပ် ဖွဲ့စည်းထားမယ်လို့ ဆိုပါတယ်။ Nanometer တည်ဆောက်မှုပုံစံအတိုင်း ဖွဲ့စည်းတည်ဆောက်ထားမယ်လို့ ဆိုပါတယ်။

ကိုရီးယားသတင်းဌာနများရဲ့အဆိုအရ LG အနေနဲ့ ယခုလို Chipset တွေ ထုတ်လုပ်နိုင်ဖို့အတွက် မဝေးတော့ကြောင်း သို့ပေမယ့် အသစ်ထုတ်လုပ်ဖို့ ဆိုင်းပြင်းထားတဲ့ LG G3 မှာ LG ရဲ့ကိုယ်ပိုင် Chipset တွေကို အသုံးပြုထားမှာမဟုတ်ကြောင်း ဖော်ပြထားပါတယ်။ L စီးရီးစမတ်ဖုန်း
တွေမှာသာ Odin chip တွေကိုအသုံးမှာဖြစ်တယ်လို့လည်း
ကောလဟလသတင်းတွေ ထွက်ရှိနေပါတယ်။

နောက်ထပ်ထွက်ရှိလာတဲ့ သတင်းတွေအရ Odin chip ကို Quad-core နဲ့ Octa-core ဗားရှင်းနှစ်မှိုးထုတ်လုပ်မယ်လို့ ဆိုပါတယ်။ Quad-core ဗားရှင်းမှာ ARM Mali-T604 GPU ကို ထည့်သွင်းထားမှာ ဖြစ်ပြီး Octa-core ဗားရှင်းမှာတော့ ARM ရဲ့နောက်ဆုံးထုတ် Mali-T760 GPU ကိုသုံးထားမယ်လို့ ဆိုပါတယ်။

May Thazin (TSJ Team)

0 comments:

Post a Comment