Powered by Blog - Widget

Wednesday, April 9, 2014

အမေရိကန် ရေတပ် က ပင်လယ်ရေ ကနေ လောင်စာဆီ ထုတ်လုပ်နိုင်တဲ့ နည်းပညာ ကို ပြသ



Aung Ko Htet (MM IT Knowledge)
 
အမေရိကန် ရေတပ် က ပင်လယ်ရေကနေ လောင်စာဆီ ထုတ်လုပ်ဖို့ တီထွင်နေပါတယ်။ စစ်သင်္ဘောများ ဟာ ပင်လယ်မှာ နှစ်ရှည်လများ သွားလာနိုင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် ရေတပ် မှ သိပ္ပံပညာရှင်များ ဟာ ပင်လယ်ရေ ကနေ လောင်စာဆီ ထုတ်လုပ်နိုင်တဲ့ နည်းပညာ ကို တီထွင်နေတာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်ပါတယ်။ အခုတော့ ပင်လယ်ရေကနေ ထုတ်လုပ်ထားတဲ့ လောင်စာဆီ ကို အသုံးပြုပြီး Remote Control လေယာဉ်ပျံ ကို ပထမဆုံး အနေနဲ့ မောင်းနှင်ပျံသန်း ပြနိုင်ပြီ ဖြစ်ပါတယ်။

အမေရိကန် မှာ လောင်စာဆီတင် သင်္ဘော ၁၅ စင်း ရှိပြီး လေယာဉ်တင် သင်္ဘော နဲ့ ရေငုပ်သင်္ဘောများ မှာ Nuclear လောင်စာ ကို အသုံးပြုကြပါတယ်။

စစ်ဆင်ရေးတွေမှာ လောင်စာဆီတင် သင်္ဘောတွေကို စောင့်ဆိုင်းရတဲ့ ပြဿနာတွေလည်း များစွာရှိတယ်လို့ သိရပါတယ်။

ဒီနည်းပညာ ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ လေယာဉ်ပျံ အတွက် လောင်စာဆီ ရဲ့ တန်ကြေး ဟာ တစ်ဂါလန် လျှင် သုံး ဒေါ်လာ နဲ့ ခြောက် ဒေါ်လာ အတွင်းမှာ သာ ရှိမှာဖြစ်ပါတယ်။ နောက် ခုနစ်နှစ် နဲ့ ဆယ်နှစ်အတွင်း မှာ အဆိုပါ နည်းပညာ နဲ့ ထုတ်လုပ်ထားတဲ့ လောင်စာဆီ တွေကို စီးပွားရေးလုပ်ငန်း တွေမှာ တွင်ကျယ်စွာ အသုံးပြုလာကြမယ်လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ပါတယ်။

အဆိုပါ လောင်စာဆီ တွေကို သင်္ဘောတွေ မှာသာမက လေယာဉ်ပျံတွေ မှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ပင်လယ်ရေ ကနေ ထုတ်လုပ်ထားတဲ့ လောင်စာဆီ ကို အသုံးပြုပြီး Remote Control လေယာဉ်ပျံ ကို မောင်းနှင်ပုံ ကို အောက်က ဗီဒီယို မှာ ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=Iavz7AnKI8I

ref: သူရ

0 comments:

Post a Comment