Aung Ko Htet (MM IT Knowledge)
Google က Glass စမတ်မျက်မှန် ကို အမေရိကန် မှာ တိုးချဲ့ရောင်းချပေးတော့မှာ
ဖြစ်ပါတယ်။ ဒါပေမယ့် အချိန် အကန့်အသတ် ရှိတယ်လို့ သိရပါတယ်။ Google က
Glass Explorer အစီအစဉ် ကို ပြုလုပ်ပေးထားပြီး Google Glass ကို အကန့်အသတ်
နဲ့ သာ ရောင်းချပေးနေပါတယ်။ အခုတော့ Google က Glass Explorer အစီအစဉ် ကို
တိုးချဲ့ရောင်းချပေးတော့မယ်လို့ ကြေညာပါတယ်။
အမေရိကန် ရှိ အရွယ်ရောက်ပြီးသူတိုင်း Google Glass ကို ဒေါ်လာ ၁၅၀၀ နဲ့
ဧပြီလ ၁၅ ရက်နေ့မှာ စတင် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဧပြီလ ၁၅ ရက်နေ့
တစ်နေ့ထဲသာ ရောင်းချပေးမှာဖြစ်ပါတယ်။ မျက်မှန်ကိုင်းများ ကို နှစ်သက်ရာ
ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။ အမြင်အာရုံမကောင်းသူများအတွက်
မျက်မှန်ကိုင်းများ ကို အခမဲ့ပေးမယ်လို့သိရပါတယ်။ အမေရိကန် နေထိုင်သူများ က
အောက်က လင့် က နေ Register လုပ်ထားရမှာ ဖြစ်ပါတယ်။
http://www.google.com/glass/start/how-to-get-one/
အမေရိကန် ပြင်ပနေထိုင်သူများ ကို ရောင်းချခြင်း မပြုနိုင်သေးတဲ့အတွက် တောင်းပန်ကြောင်း Google က ပြောပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ Google က ပြောပါတယ်။
ref: သူရ

0 comments:
Post a Comment