Powered by Blog - Widget

Thursday, May 22, 2014

Cambridge Tutors College ၏ ကျောင်းဝင်ခွင့် ဆိုင်ရာများ နှင့် Scholarship များဆိုင်ရာ ဆွေးနွေးပွဲကျင်းပမည်



Aung Ko Htet (MM IT Knowledge)


UK နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များနှင့် ကမ္ဘာ့နာမည်ကြီး ဆေးတက္ကသိုလ်များကို တက်ရောက် လိုသော ရည်မှန်းချက်ကြီးမားသည့် မြန်မာကျောင်းသူ၊ ကျောင်းသားများ အများဆုံး ရွေးချယ်တက်ရောက် ကြသည့် London ရှိ Cambridge Tutors College မှ တာဝန်ရှိသူ Mr. Ian Grout သည် ၂၀၁၄ခုနှစ်၊ ဇွန်လ (၇ ရက်) ညနေ (၄း၀၀ မှ ၆း၀၀) နာရီတွင် ကျောင်းဝင်ခွင့် ဆိုင်ရာများ၊ CTC မှပေးအပ်သည့် Scholarship ဆိုင်ရာများကို အသေးစိတ် ဆွေးနွေးပေးမည်ဖြစ်သည်။ ၎င်းဆွေးနွေးပွဲကို PARKROYAL HOTEL, Padamyar Room (3) တွင်ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
CTC သည် အင်္ဂလန်နိုင်ငံရှိ နှစ်ပေါင်း(၅၀) ကျော်ကြာမြင့်ပြီဖြစ်သော ထိပ်တန်းတက္ကသိုလ် အကြို ကောလိပ် ဖြစ်ပါသည်။ 


 CTC ၌ GCE A-level သင်တန်းများကို အကောင်းဆုံး သင်ကြားပို့ချပေးလျက်ရှိ ပြီး ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကျောင်းဖြစ်ပါသည်။ CTC မှ အောင်မြင်သော နိုင်ငံတ ကာမှ ကျောင်း သူ၊ ကျောင်းသားများသည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များဖြစ်သော Harvard University, Stanford University, Princeton University, New York University, University of Oxford, University of Cambridge, Imperial College London, London School of Economics, University College London, University of Edinburgh, University of Warwick, University of Nottingham နှင့် နာမည်ကြီး ဆေးတက္ကသိုလ်များတွင်တက်ရောက် ပညာဆည်းပူးနေကြပါသည်။ ထို့ပြင် မြန်မာ ကျောင်းသူ၊ ကျောင်းသားများကို ထူးချွန်ကျောင်းသူ၊ ကျောင်းသားများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိသော ကျောင်းတော်ကြီး လည်းဖြစ်ပါသည်။


ထူးချွန်ကျောင်းသူ၊ ကျောင်းသားများကို မွေးထုတ်ပေးနေသော Cambridge Tutors College တွင် GCE A-level ကို Accounting, Art & Design, Biology, Business Studies, Chemistry, Computing, Economics, English Literature, French, Further Mathematics, Geography, Government & Politics, History, ICT, Italian, Law, Mathematics, Physics, Spanish, Statistics စသည့် ဘာသာရပ်များကို လေ့လာသင်ယူ၍ ရနိုင်မည်ဖြစ်သည်။ GCE A-level ကို အချိန်ကာလ (၂) နှစ် တာ သင်ယူရမည်ဖြစ်ပြီး ထိုကာလအတွက် ကျောင်းဖွင့်ချိန်မှာ နှစ်စဉ် စက်တင်ဘာလတွင် ဖြစ်သည်။ နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများ အတွက် အဆင်ပြေနိုင်စေရန် ကျောင်းဝင်ခွင့်ကို စက်တင်ဘာ လ တွင်သာမက (GCE A-level Fast Track) ကို ဇန်န၀ါရီလ တွင်ဖွင့်လှစ်ပေးထားပါသည်။ GCE A-level Fast Track Program သည် အချိန်ကာလ (၁၈)လ ကြာသင်ယူရမည်ဖြစ်သည်။ 



Cambridge Tutors College ၌ GCE A-level ကိုသင်ကြားပေးရာတွင် စာသင်ခန်းတစ်ခန်း လျှင် အများဆုံး ကျောင်းသူ၊ ကျောင်းသား (၉) ယောက်သာထားရှိပြီး သင်ကြားပေးခြင်း၊ ဘာသာရပ်တိုင်းကို တစ်ပတ်လျှင် တစ်ကြိမ် weekly test များပြုလုပ်ပေးခြင်း၊ ကျောင်းသူ၊ ကျောင်းသား အယောက်တိုင်း အတွက် Personal Tutor များထားရှိပေးခြင်း၊ ဤကဲ့သို့ ဖိဖိစီးစီးသင်ကြားပေးမှု တို့ကြောင့် CTC မှ အောင်မြင်သွားသော ကျောင်းသူ၊ ကျောင်းသား များသည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် ဆက်လက် ၍ အဆင့်မြင့်ပညာများကို ဆည်းပူးနေကြပါသည်။



CTC မှ အောင်မြင်သွားသော မြန်မာကျောင်းသူ၊ကျောင်းသားများထဲမှ (၆)ဦး သည် အင်္ဂလန် နိုင်ငံ ၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြစ်သော GCE A-level စာမေးပွဲတွင် အင်္ဂလန်နိုင်ငံတစ်နိုင်ငံလုံး၏ အမှတ် အများဆုံး (၁၀) ဦးထဲတွင် ပါဝင်ခဲ့သည့် အပြင်၊ တစ်ဦးမှာ British Council (UK) မှ ပထမဦးဆုံး အကြိမ် ချီးမြှင့်သော အတော်ဆုံး နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားဆု (The first British Council’s International Student of the Year 2003) ကို ဆွတ်ခူးရရှိခဲ့ပါသည်။ 



သို့ဖြစ်ပါ၍ မိမိဘ၀ရည်မှန်းချက် မြှင့်မား၍ Cambridge Tutors College (CTC) သို့ တက်ရောက် ရန် ကျောင်းလျှောက်ထား လိုသူများ နှင့် ပညာရေး အတွက်ဆွေးနွေး လိုသူများ Regent Consultancy Services Co., Ltd, အမှတ် (R-2)၊ အောင်မြေသာစည်အိမ်ရာ ၊ အောင်ချမ်းသာ (၂) လမ်း ၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း (၀၁ - ၅၃၀၅၆၄၊ ၀၉ - ၅၀၁၉၈၇၀၊ ၀၉ - ၇၃၂၀၅၃၃၃) သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်း နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


ref: Myanmar Digital Life

0 comments:

Post a Comment