Powered by Blog - Widget

Monday, May 19, 2014

ပစ်ဘူးလ်နဲ့ ဂျေလိုတို့ရဲ့ We Are One ၂၀၁၄ ကမ္ဘာ့ဖလား သီချင်း



Aung Ko Htet (MM IT Knowledge)


ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် အခု ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် သီချင်းတွေ အများကြီးရှိတဲ့ အထဲက The Official 2014 FIFA World Cup Song လို့ ဆိုလာတဲ့ We are One ( Ole Ola) အမည်ရှိ တဲ့ သီချင်းကောင်းတပုဒ်က မေလ ၁၆ ရက်နေ့ ကပဲ ယူကျု ပေါ် ရောက်လာပါပြီ။

သီချင်းခေါင်းစဉ်နဲ့ပတ်သက်ပြီး ငါတို့ဟာ တခုတည်းပဲ၊ တသားတည်း ရှိတယ်လို့ ဆိုတဲ့ စည်းလုံးညီညွှတ်
ခြင်း သဘောကို အနီးစပ်ဆုံး အဓိပ္ပာယ် ကောက်ယူလို့ရမယ် ထင်ပါတယ်။ ဒါဟာ  ကမ္ဘာ့ဖလား ဘောလုံး ပွဲ ရဲ့ ခွဲခြားမှုတွေ မရှိဘူးဆိုတဲ့ သတင်း စကားတခုလည်းဖြစ်မယ် ထင်ပါတယ်။

 နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ ပစ်ဘူးလ်၊ ဂျေလို ခေါ် ဂျနီဖာလိုပက်ဇ်တို့ရဲ့ သီဆို ကပြ ဖျော်ဖြေ မှုတွေက ဘောလုံး ဝါသနာအိုးတွေနဲ့ ဂီတ၀ါသနာအိုးတွေအတွက် စွဲမက်စရာတွေပါဘဲ။ ကလော်ဒီယာလိဒ် ကလည်း ပူးပေါင်း ပါဝင်ဖျော်ဖြေထားပါသေးတယ်။

အောက်က link ကိုနှိပ်ပြီး ကြည့်လို့ရပါပြီ..

http://youtu.be/TGtWWb9emYI

ref: Irrawaddy

0 comments:

Post a Comment