Powered by Blog - Widget

Wednesday, May 21, 2014

Bellerbys College တွင်ဆေးကျောင်းသို့ တက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်သည့် သင်တန်းတက်ရောက်နိုင်



Aung Ko Htet (MM IT Knowledge)



မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်းအောင် ကျောင်းသားများနှင့် IGCSE ဖြေဆိုအောင်မြင်ပြီး အင်္ဂလန်နိုင်ငံတွင် ဆေးပညာဘာသာရပ်ကို သင်ယူလိုသူများအနေဖြင့် ပညာရေးကွန်ရက်တစ်ခု ဖြစ်သည့် Bellerbys College တွင် Medical School အတွက်လိုအပ်သည့် A-level ဘာသာရပ်များအပြင် Specialist Preparation for Medical School Program ကိုတက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။



အင်္ဂလန်ရှိ International School များထဲတွင် ထိပ်တန်းကျောင်းအဖြစ် ရပ်တည်လျက်ရှိသော Bellerbys College သည် Bringhton, London, Oxford နှင့် Cambridge မြို့များတွင်ကျောင်းခွဲများ ဖွင့်လှစ်ပြီး ကမ္ဘာထိပ်တန်း တက္ကသိုလ်များသို့ အဆင့်မြင့်ပညာရပ်များကို တက်ရောက်လေ့လာနိုင်ရန် ခိုင်မာသောပညာရေး အခြေခံအတန်းများဖြစ်သည့် IGCSE, A-level မှစပြီး စိတ်ကြိုက်ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်သော Foundation Program များ၊ Undergraduate Year 1 program နှင့် Pre-master program များကိုနိုင်ငံတကာမှ ကျောင်းသားများအတွက် သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။



Bellerbys College မှ A-level ကိုရမှတ်ကောင်းကောင်းဖြင့် ပြီးဆုံးအောင်မြင်သော နိုင်ငံတကာမှကျောင်းသားများသည် University  College London, University of Glasgow, University of Edinburgh, Newcastle University နှင့် Australia National University စည့်နာမည်ကျော် တက္ကသိုလ်ပေါင်းများစွာတွင် ဆေးပညာဘာသာရပ်များကို ဆက်လက်သင်ယူလျက် ရှိကြောင်းသိရသည်။ ဆေး ပညာဘာသာရပ်ကို အထူးပြုလေ့လာ လိုသူများအနေဖြင့် Bellerbys College မှ Medical School ဝင်ခွင့်အတွက် လိုအပ်သော A-level ဘာသာရပ်များအပြင် Specialist Preparation for Medical School

program ကိုပါတွဲဖက် သင်ကြားပေးလျက်ရှိသည်။



Specialist Preparation for Medical School program တွင် UKCAT (UK Clinical Aptitude Test), BMAT (BioMedical Admission Test) ponfh ဝင်ခွင့်စာမေးပွဲများ ဖြေဆိုရန်လိုအပ်သည့် ပြင် ဆင်မှုများကို အနီးကပ်ညွှန်ကြားပေးခြင်း၊ Medical School မှဝန်ထမ်းများနှင့်အတူ အတွေ့အကြုံ ရစေရန် ရည်ရွယ်ပြီးလူတွေ့ မေးမြန်းသည့်အကြို စမ်းသပ်မှုများပြု လုပ်ပေးခြင်း၊ Medical Application Group ကိုဖွဲ့စည်းပေးထားကာ နည်းပြဆရာများမှ UCAS မှတစ်ဆင့် ဆေးပညာကျောင်းဝင်ခွင့်အတွက် ကျောင်းလျှောက်ရမည့် လုပ်ထုံးလုပ်နည်းများကို ညွှန်ကြားပေးခြင်း၊ UKCAT အတွက် လူတွေ့စစ်ဆေး မေးမြန်းခြင်းဆိုင်ရာများအတွက် လေ့ကျင့်ပေးခြင်းတို့ကို ပြုလုပ်ပေးကြောင်းသိရသည်။



Bellerbys College ၏ A-level ကိုတက်ရောက်လိုသူ မြန်မာနိုင်ငံ ကျောင်းသားများသည် အခြေခံပညာ အထက်တန်းအောင်ပြီး IELTS (5.5) ရရှိထားသူများ (သို့) IGCSE စာမေးပွဲတွင် ဘာသာရပ်  (၅) ခုကို Grade-C နှင့်အထက် အောင်မြင်ပြီး အင်္ဂလိပ်စာဘာသာရပ်ကိုပါ ဖြေဆိုအောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး ထူးချွန်ကျောင်းသားများအတွက် ပညာသင်ဆုများလည်းပေးအပ်နေပြီ ဖြစ်ကြောင်းသိရသည်။



အင်္ဂလန်၏ ဆေးပညာဘာသာကို လေ့လာလိုသူများနှင့် Bellerbys College အကြောင်းကို အသေးစိတ်သိရှိ လိုသူများအနေဖြင့် AT & S ဖုန်း - ၀၁-၆၅၂၂၈၈၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၅၀၆၂၁၇၁ သို့ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။

ref: Internet Journal

0 comments:

Post a Comment