Powered by Blog - Widget

Wednesday, May 21, 2014

Tesla Model S အီလက်ထရစ်ကားများကို ဗြိတိန် တွင် ရောင်းချတော့မည်



Aung Ko Htet (MM IT Knowledge)


Tesla က တစ်ခါအားသွင်းထားလျှင် မိုင် သုံးရာ မောင်းနှင်နိုင်တဲ့ Model S ကားများကို ဗြိတိန် တွင် ရောင်းချတော့မယ်လို့ သိရပါတယ်။ Model S ဟာ အားကုန်သွားပြီးရင် နောက်ထပ် မိုင် ၁၃၀ ကို မောင်းနှင်ဖို့အတွက် မိနစ် ၂၀ သာ အားသွင်းရတယ်လို့ CEO Elon Musk က ပြောပါတယ်။ ဗြိတိန် နိုင်ငံ အ၀န်းမှာ မောင်းနှင်ဖို့ လမ်းမှာ မိနစ် ၂၀ သာ အချိန်ပေးဖို့လိုပါတယ်။

လျှပ်စစ်ကားများကို အားသွင်းပေးဖို့ အားသွင်းစက်များကို လမ်းတစ်လျှောက်မှာ တပ်ဆင်ပေးထားပါတယ်။ Model S ပိုင်ရှင်များက အခမဲ့ အားသွင်းနိုင်ပြီး အရင် မော်ဒယ် ပိုင်ရှင်များ က တစ်ကြိမ် အခပေးထားရင် အားသွင်းစက်များကို ကြိုက်သလောက် အသုံးပြုနိုင်ပါတယ်။

ညာမောင်း Model S ကို စတာလင်ပေါင် ခုနစ်သောင်းနဲ့ နောက်လထဲမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

ဗြိတိန် မှာ ဇန်န၀ါရီလ နဲ့ ဧပြီလ အတွင်းမှာ အီလက်ထရစ်ကား အစီးရေ ၁၅၄၇ စီး ကို မှတ်ပုံတင်ထားပါတယ်။ Model S ရဲ့ ခရီးဝေးသွားလာနိုင်မှုကြောင့် ဗြိတိန်မှာ လျှပ်စစ်ကား စီးသူ ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။

ဗြိတိန် မှာ လက်ရှိ အသုံးပြုနေတဲ့ လျှပ်စစ်ကားများ ဟာ တစ်ခါအားသွင်းထားရင် မိုင်တစ်ရာ သာ မောင်းနှင်နိုင်ပါတယ်။ အဲဒီအတွက် ဗြိတိန် အ၀န်း သွားလာချင်ရင် မကြာခဏ ရပ်နားပြီး အားဖြည့်ရတာ ဖြစ်ပါတယ်။

ref: သူရ

0 comments:

Post a Comment