Powered by Blog - Widget

Thursday, May 22, 2014

ဆီစားနှုန်းသက်သာစေမည့် အချက်များ



Aung Ko Htet (MM IT Knowledge)



ကားတစ်စီး ၀ယ်စီးပြီး ဆီဖိုး အတွက်ငွေအကုန် အကျများနေလို့ ချွေတာ မယ်ဆိုရင် အသုံးပြုရမယ့် နည်းလမ်းလေးတွေပါ။

လီဘာ(accelerator) နင်းရတာ အဆင်ပြေအောင်လုပ်ပါ
.......................................................................
ကားတစ်စီးမှာ ဆီဖိုး အကုန်အကျများစေတဲ့ အဓိကအချက်ကတော့ လီဘာနင်းရတာ အဆင်မပြေရင် ဖြစ်တတ်ပါတယ်။ ဒါကြောင့်မိမိကားရဲ့ လီဘာ ကိုဂရုစိုက်ပေးခြင်းဖြင့် ဆီဖိုးကုန်ကျငွေ ၅ ရာခိုင်နှုန်းကနေ၃၃ ရာခိုင်နှုန်းအထိသက်သာစေပါတယ်။

တာယာကောင်းကောင်းသုံးပါ
....................................
ကားဘီး တာယာ အကောင်းစား သုံးပေးပြီး တစ်လတစ်ခါလောက် အနည်းဆုံး စစ်ဆေးပေးခြင်းဟာလည်း ကားအမြန်နှုန်းခရီးရောက်မှုကို အထောက်အပံ့ဖြစ်စေတဲ့ အတွက် ၃ရာခိုင်နှုန်းလောက် ဆီဖိုးငွေကုန်ကျ ငွေကို သက်သာစေပါတယ်။

ကား air-con အသုံးပြုခြင်းဂရုပြုပါ
.............................................
air-con အသုံးပြုခြင်းဂရုပြုပါဆိုလို့ လုံးဝချွေတာအသုံးမပြုခြင်းကိုဆိုလို
တာတော့ မဟုတ်ပါဘူး။ ကား air-con အသုံးပြုတယ်ဆိုတာက ဆီစားနှုန်း
ပိုစေတဲ့အတွက်ကြောင့် အသုံးပြုမယ်ဆိုရင်ဂရုပြုအသုံးပြုစေချင်ပါတယ်။
air-con ကို အမြင့်ဆုံးထိတင်ထားပြီး ကားတံခါးအနည်းငယ်ဟ နေခြင်းဖြင့်
ကားအတွင်းလေဖိအားများပြီး ဆီစားနှုန်းပိုစေတဲ့အတွက်ကြောင့် အသုံးပြုမယ် ဆိုရင် ဂရုစိုက်အသုံးခြင်းဖြင့် ချွေတာနိုင်မှာပါ။

မိမိကားကို ဂရုစိုက်ပါ
.........................
ကားတစ်စီးမှာ လည်ပတ်နေတဲ့အစိတ်အပိုင်းအားလုံး အကောင်းဆုံးအနေ
အထားမှာ ရှိနေဖို့ ဂရုစိုက်ခြင်းဖြင့် သင့်ရဲ့ငွေကိုချွေတာနိုင်မှာပါ။ ဥပမာ-မိမိကားကို ပုံမှန်စစ်ဆေးပေးခြင်း။

ကားနဲ့ ကုန်ရဲ့ အလေးချိန်
................................
ကားတစ်စီး ရဲ့ အလေးချိန် ကလည်း ဆီစားနှုန်းကို အများကြီးအကျိုးသက်
ရောက်စေပါတယ်။ ဒါပြင် ကားပေါ်တင်ဆောင်ယူမယ့် ပစ္စည်းအလေးချိန်
ဟာ လိုအပ်တာထက် များနေမယ်ဆိုရင် ဆီစားနှုန်းချွေတာဖို့ ဆိုတာ
အဆင်မပြေနိုင်ပါဘူး။

ကဲ Motors.com.mm ရဲ့ ကားချစ်သူ ပရိတ်သတ်ကြီးရေ ကားကိုချစ်သလို ကုန်ကျမယ့် ဆီဖိုးငွေကိုလည်း ကားဝယ်တာနဲ့တစ်ခါတည်းဂရုပြုနိုင်ပါစေလို့...........making a wish...........

www.motors.com.mm

ကောင်းမွန် (motors.com.mm)

0 comments:

Post a Comment