Powered by Blog - Widget

Thursday, May 22, 2014

Apple's iCloud Activation Lock ကိုကျော်လွှားနိုင်သော Tool မကြာခင်ထွက်ရှိတော့မည်။



Aung Ko Htet (MM IT Knowledge)

iCloud Account ထည့်ထားတဲ့ ဖုန်းတွေကိုဝယ်လိုက်မိပြီ ၊ iCloud Account password မေ့သွားပြီဆိုရင် Firmware ပြန် restore လုပ်ပြီးကာစမှာအကြီးအမားဆုံးအတားအဆီးတစ်ခုဖြစ်တယ်ဆိုတာ iPhone ကိုင်တဲ့ users တော်တော်များများသိကြပါတယ်။ ဒါကိုဖြည်လို့မရတာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒါကို ဈေးကြီးကြီးနဲ့ ဖြည်ပေးနေတာတွေတွေ့ရပါသေးတယ်။ ယခုတော့ထင်ရှားတဲ့ iO researcher and hacker ၂ ဦးဖြစ်တဲ့ AquaXetine နဲ့ MerrukTechnolog တို့ နှစ်ဦးပူးပေါင်းပြီး doulCi လို့ခေါ်တဲ့ Apple's iCloud activation Bypass Server ကိုတီထွင်လိုက်ပါပြီ ။

 iCloud ကိုကျော်နိုင်တဲ့ explorit ကိုရှာဖွေတွေ့ရှိပြီး ငါးလကျော်ခန့် စမ်းသပ်ပြီးအောင်မြင်မှုရခဲ့တယ် လို့ဆိုပါတယ်။ doulCi ကို iPad နဲ့ iPhone 4S တွေမှာလည်းအသုံးပြုနိုင်ပြီး iPhone 5,5S နဲ့ 5C တွေမှာတော့ beta အဆင့်စမ်းသပ်အနေနဲ့သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ doulCi လို့ခေါ်တဲ့ Server ကိုအသုံးပြုဖို့အတွက် ကွန်ပျူတာထဲက host file မှာ code တစ်ကြောင်းလေးထည့်သွင်းပေးလိုက်ရုံပဲဖြစ်ပါတယ်။ Hacker ၂ ဦးကတော့ ဒီ code ၂ ကြောင်းကို "Magic Line" လို့တင်စားသုံးနှုန်းထားပါတယ်။ ယင်း code တစ်ကြောင်းထည့်သွင်းပြီးပြီဆိုရင်တော့ သင့်ဖုန်းကို USB ကြိုးအသုံးပြု၍ ကွန်ပျူတာနဲ့ချိတ်ဆက် ထားဖို့ပဲလိုတော့မှာပါ။ မကြာခင် users တွေအသုံးပြုနိုင်တော့မယ်လို့သိရပါတယ်။ iCloud မိနေတဲ့ users တွေအဆင်ပြေတော့မယ့်အချိန်ကိုရောက်ရှိလာတော့မှာပါ။ 

အားလုံးပဲအဆင်ပြေကြပါစေ။

ref: mobile knowledge

1 comment:

  1. host မှာထည့်ဖို့ ip address လိုနေလို့ပါ
    icloud activation ကျော်လို့မရဖြစ်နေတယ်

    ReplyDelete