Powered by Blog - Widget

Friday, May 23, 2014

Bluetooth အကြောင်းသိကောင်းစရာ



Aung Ko Htet (MM IT Knowledge)


Bluetooth ဆိုတာ

Bluetooth ဆိုသည့် အင်္ဂလိပ်စကားလုံးကို ကြည့်ပြီးသာမန်အားဖြင့် အပြာရောင်သွား ဟုဘာသာမပြန်လိုက်ပါနှင့်၊၊တစ်ကယ်တော့ ကြိုးမဲ့ဆက်သွယ်ရေးခေတ်မှာ အဓိကစွမ်းဆောင်နိုင်တဲ့ နည်းပညာတစ်ရပ်ဖြစ်ပါတယ်ဗျ၊၊
သိပ္ပံပညာရပ်မှာ သိပ္ပံပစ္စည်းတွေ၊သိပ္ပံနိယာမတွေကို တီထွင်သူသိပ္ပံပညာရှင်တွေရဲ့ အမည်ကိုပေးတတ်ကြတယ်လေ၊၊ဒါပေမယ့် ကွန်ပျူတာလောက၊ကွန်ပျူတာနယ်ပယ်မှာတော့ သမိုင်းမှာ ကြိုးပမ်းဆောင်ရွက်ကြလို့ ထင်ပေါ်ကျော်ကြားတဲ့အမည်တွေကိုယူပြီး ကင်ပွန်းတပ်ခေါ်ကြလေရဲ့၊၊စီဒီခွေကူးတဲ့ ဆော့ဝဲကို ရောမသမိုင်းမှာ Nero ဘုရင်ကြီးရဲ့အမည်ကို ပေးထားတယ်လေ၊၊အခု Bluetooth ကိုလည်း ၁၀ ရာစုခေတ်က ဒိန်းမတ်ပြည့်ရှင် ဘုရင်တစ်ပါးရဲ့ အမည်ကိုယူပြီးမှည့်ခေါ်ထားတာပါ၊၊ထိုစဉ်ကာလ ဒိန်းမတ်နဲ့နော်ဝေး နှစ်ပြည်ထောင် တကွဲတပြား ဖြစ်နေတာကို Harald Blattand ဘုရင်ကြီးက ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။အဲဒီဘုရင်ရဲ့ နာမည်ကို အင်္ဂလိပ်လို အသံထွက်ရင် Bluetooth လို့ထွက်ပါတယ်၊၊ကွန်ပျူတာလောကနဲ့ဆက်စပ်မှုက ဒီလိုပါ၊၊
အိုင်တီနယ်ပယ်မှာ ကွန်ပျူတာတွေ(ခရီးဆောင် လက်ပ်တော့၊လက်ဝါးတင် စတာတွေ)၊ဆဲဖုန်းတွေ၊ပရင်တာတွေနဲ့ အခြားဆက်စပ်ပစ္စည်းလေးတွေကို နည်းပညာရပ်တစ်ခုတည်းနဲ့ သုံးစွဲနိုင်စေတဲ့အတွက်၊တစ်နည်းပြောရရင် ပစ္စည်းစုံသုံးစွဲမှု လွယ်ကူရေးအတွက် နည်းပညာတစ်ခုတည်းက ပေါင်းစည်းစွမ်းဆောင်ပေးနိုင်တဲ့အတွက် ဒီနည်းပညာရပ်ကို သမိုင်းကဖြစ်ရပ်နဲ့ ထင်ဟတ်ကိုက်ညီတဲ့ ဘုရင်ကြီးရဲ့ နာမည်အသံထွက်ကိုယူပြီး အမည်ပေးလိုက်တာပဲ ဖြစ်ပါတယ်၊၊ဒါကြောင့် Bluetooth ဆိုတာ ကြိုးမသုံးဘဲ ရေဒီယိုလှိုင်းကို အသုံးပြု၍ ဆက်သွယ်ပေးနိုင်သော ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာစနစ်ဖြစ်ပါတယ်၊၊
Bluetooth ကိုတီထွင်သူ
Bluetooth ကိုစတင်တီထွင်သူမှာ ဆွီဒင်နိုင်ငံက L.M.Ericson ဆိုသူဖြစ်ပါတယ်၊၊၁၉၉၄ခုနှစ်က စတင်တီထွင်ခဲ့တာဆိုတော့ နှစ်ပေါင်းနှစ်ဆယ်နီးပါး သက်တမ်းပဲ ရှိနေပါသေးတယ်၊၊SIGလို့ အတိုကောက်ခေါ်တဲ့ (Special Interest Group) ဟာ Cutting the Cord (ကြိုးတွေကို ဖယ်ရှား) ဆိုတဲ့ ကြွေးကြော်သံနဲ့ ကြိုးမဲ့ခေတ်ကို စတင်တည်ထောင်ခဲ့ကြတာပါ၊၊IBM,Intel,Nokiaနဲ့ Toshiba ကုမ္ပဏီကြီးတွေ အပါအဝင် အဖွဲ့ဝင် ကုမ္ပဏီပေါင်း ၁၉၀၀ကျော် အထိ ရှိပါတယ်
ဆက်သွယ်နိုင်သည့်အကွာအဝေး
Bluetooth နည်းပညာကို မူလက Personal Area Network လို့ခေါ်တဲ့ တစ်ဦးချင်း ချိတ်ဆက်မှုအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်၊၊ရေဒီယို ဖရီကွင်စီ (2.4GHz) ရှိသည့် လှိုင်းခွင် (band) အတွင်းဆက်သွယ်နိုင်ပြီး data (အချက်အလက်တွေ) ပေးပို့နိုင်တဲ့နှုန်းကတော့ 721 Kb ဖြစ်ပါတယ်၊၊တစ်စက္ကန့်ကို တစ်မီဂါဘိုက်လောက် အမြန်နှုန်းနဲ့ သယ်ဆောင်နိုင်ပါတယ်၊၊ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ၁၀မီတာ (ပေ၃၀ ခန့်) အကွာအဝေးအတွင်းဖြစ်ပါတယ်၊၊ပေ၃၀အတွင်းမှာ Bluetooth တပ်ဆင်ထားတဲ့ ပစ္စည်း (၇) မျိုးကို တစ်ပြိုက်နက် ကြိုးမဆက်ဘဲ အသုံးပြုနိုင်ပါတယ်၊၊ဒါကြောင့်အခန်းတွင်းမှာ ကွန်ပျူတာ (၇) လုံးကို တစ်ပြိုင်နက်တည်း ကြိုးမဲ့ တပ်ဆင်ထားနိုင်ပါတယ်၊၊ရေဒီယိုလှိုင်းကို အခြေခံပြီး ဆက်သွယ်ထားတာဖြစ်လို့ အနိမ့်အမြင့် နေရာမရွေးထားပြီး ဆက်သွယ်နိုင်တာပေါ့၊၊အိမ်တစ်အိမ်ရဲ့ အပေါ်ထပ်နဲ့ အောက်ထပ်မှာ ကွန်ပျူတာတွေကို ကြိုက်သလို ထားရှိအသုံးပြုနိုင်ပါတယ်၊၊
Bluetooth သုံးပြီး ဆက်သွယ်နိုင်သော ပစ္စည်းများ
ယခုနှစ်ပိုင်း ကာလတွေမှာ Bluetooth ကို လူသုံးပစ္စည်းများတွေနဲ့ပါ အဓိကထား ဆက်သွယ်နိုင်အောင် တီထွင်ထုတ်လုပ်လာကြပါတယ်၊၊ကြိုးမဲ့ နားကြပ်တပ်ထားရင် ဖုန်းကို လက်မကိုင်ဘဲ ပြောနိုင်လို့ ကားမောင်းရင်း အဆင်ပြေပြေ ပြောနိုင်လာကြတယ်၊၊ကွန်ပျူတာမောက်စ်တွေကိုလည်း ကြိုးမပါပဲ Bluetooth သုံးပြီး ဆက်သွယ်နိုင်သလို ပရင်တာတွေကိုလည်း ကြိုးမဲ့စနစ်နဲ့ အဝေးကနေလှမ်းပြီး Print ထုတ်နိုင်လာပြီ ဖြစ်ပါတယ်၊၊လက်ဝါးတင်ကွန်ပျူတာ (PDA)နဲ့ စားပွဲတင်ကွန်ပျူတာ(Desktop)တွေကို တစ်ချိန်တည်းမှာ ဆက်သွယ်ပြီး အပြန်အလှန် အသုံးပြုနိုင်တယ်၊၊Bluetooth သုံးထားတဲ့ ဖုန်းအချင်းချင်း နှစ်သက်ရာ သီချင်းဖိုင်၊စာသားဖိုင်တွေကို အပြန်အလှန် ပေးနိုင်လာတယ်၊၊အစည်းအဝေး အခမ်းအနားတစ်ခု အတွင်းမှာ ကွန်ပျူတာကိုင်တွယ်သုံးစွဲသူအားလုံးက Bluetooth နည်းပညာကို သုံးထားတယ်ဆိုရင် တင်ပြသူဆိုလိုတဲ့ အကြောင်းအရာတွေကို မိမိကွန်ပျူတာမှာ ကြည့်ရှု လေ့လာနိုင်ပါတယ်၊၊
Bluetooth ၏အကျိုး
Bluetooth နည်းပညာပေါ်လာတဲ့အတွက် ထူးခြားတိုးတက်လာတဲ့ အကျိုးဆက်ကတော့ ဆက်သွယ်ရေးပစ္စည်းနှစ်ခုကို ကြိုးနဲ့ ချိတ်ဆက်စရာမလိုပဲ ဆက်သွယ်အသုံးအသုံးချလာနိုင်ခြင်းပါပဲ၊၊အထူးသဖြင်တော့ Bluetooth နည်းပညာသုံးထားတဲ့ ဖုန်းကို နားကြပ်နဲ့ ဆက်သွယ်ပြောဆိုနိုင်လာတာဟာ လူကြိုက်များလာတာမို့ အခုတွင်ကျယ်စွာ သုံးစွဲလာကြပါတယ်၊၊ဒစ်ဂျစ်တယ် ကင်မရာတွေ၊ဖက်စ် စက်တွေနဲ့ ပရင်တာတွေမှာလည်း Bluetooth နည်းပညာကို အသုံးပြုနေပါပြီ၊၊ကြိုးမဲ့ဆက်သွယ် အမိန့်ပေး ခိုင်းစေနိုင်တာဆိုတော့ လူသုံးများလာပြီလေ ၊၊ ၊၊
ကျေးဇူးတင်ပါတယ်

Credit to ကျော်ဝင်းဟိန်း(ပခုက္ကူ)

ဒီ Post လေးကို Pdf ဖိုင်အနေနဲ့ ဖတ်ချင်ရင် ဒီမှာ down နိုင်ပါတယ်ဗျ၊၊

https://www.dropbox.com/s/3odarpo0zjbzr7o/Bluetooth%20%E1%80%A1%E2%80%8B%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E2%80%8B%E1%80%B8%E1%80%9E%E1%80%AD%E2%80%8B%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E2%80%8B%E1%80%B8%E1%80%85%E1%80%9B%E1%80%AC.pdf

အဆင်ပြေပါစေဗျ၊၊ွ

Post by ရဲမင်းထွန်း

0 comments:

Post a Comment