Powered by Blog - Widget

Wednesday, May 28, 2014

တယ်လီဖုန်း တပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းအတွက် မြို့နယ်တာဝန်ခံများ၏ လိုင်းစစ်ဆေးချက် မှတ်တမ်းလို


Aung Ko Htet (Myanmar IT Knowledge)

တယ်လီဖုန်းတပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံများ၏ လိုင်းစစ်ဆေးချက်မှတ်တမ်း လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။



အဆိုပါ လိုင်းစစ်ဆေးချက် မှတ်တမ်းအပြင် အိမ်ထောင်စုစာရင်းမိတ္တူလည်း လိုအပ်မည်ဖြစ်ကြောင်း တယ်လီဖုန်းတပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းအတွက် ဆောင်ရွက်ရမည့် အချက်များအရ သိရသည်။ “ဆောင်ရွက်ချက်အပေါ် မူတည်ပြီး ဈေးကိုယူပါတယ်။ တချို့ကိစ္စတွေက ပွဲစားနဲ့ဆောင်ရွက်လို့မရဘဲနဲ့ လူကိုယ်တိုင် ဆောင်ရွက်ရတာမျိုးလည်း ရှိတယ်။ များသောအားဖြင့်တော့ ကတ်ပျောက်ကတ်ပျက်ကိုပဲ ပွဲစားတွေက အဓိကဆောင်ရွက်တာပါ” ဟု ရွှေဂုံတိုင်အိတ်ချိန်းရုံးအနီးရှိ အမည်မဖော်လိုသူ ဖုန်း အကျိုးဆောင်က ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏တယ်လီဖုန်းတပ်ဆင်ခြင်း၊ ပြောင်းရွှေ့ခြင်းအတွက် ဆောင်ရွက်ရမည့်အချက်များအရ မြို့နယ်၊ ရပ်ကွက်၏ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်လည်းလိုအပ်မည်ဖြစ်သည်။

 နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ပြောင်းရွှေ့ (ကြွေးကျန်ကင်းရှင်းကြောင်း) တို့ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ တယ်လီဖုန်းအသစ် တပ်ဆင်ခြင်းအား ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တယ်လီဖုန်းလိပ်စာ ပြောင်းရွှေ့ခြင်းအားလည်း ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားဆောင်ရွက်နိုင်ကြောင်း သိရသည်။ တယ်လီဖုန်း လျှောက်ထားသူများအနက်မှ မြို့နယ်ဧရိယာအလိုက် လိုင်းနံပါတ်ရှိ၍ တပ်ဆင်ခွင့်ရရှိပါက ကျသင့်သည်ဝန်ဆောင်ခအား ပေးသွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာအိတ်ချိန်းမှ ဆက်လက်တပ်ဆင်ပေးကြောင်း သိရသည်။



တယ်လီဖုန်း ပြောင်းရွှေ့လိုသည့် လိပ်စာအသစ်တွင် လိုင်း၊ နံပါတ် ရှိ၊ မရှိစိစစ်ပြီး လိုင်းနံပါတ်ရှိပါက ပြောင်းရွှေ့ပေးနိုင်ရန် သုံးစွဲသူအား အကြောင်းကြားပြီး အထောက်အထားများစိစစ်၍ ကျသင့်သည့် ဝန်ဆောင်ခအား ပေးသွင်းစေကာ သက်ဆိုင်ရာအိတ်ချိန်းများမှ ပြောင်းရွှေ့တပ် ဆင်ပေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ PABX ဖုန်းအသစ်တပ်ဆင်လိုသူများလည်း သက်ဆိုင်ရာကုမ္ပဏီမှ အထောက်အထား၊ PABX အမျိုးအစား၊ Network Plan ပူးတွဲ၍ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း သိရသည်။



ref: ထွန်းထွန်း

0 comments:

Post a Comment