Powered by Blog - Widget

Wednesday, May 28, 2014

EMBER SPIRIT



Aung Ko Htet (MM IT Knowledge)


၁၀၀ ရာခိုင်နှုန်း carry hero တစ်ကောင်လို့ပြောလို့မရပေမယ့် Semicarry ရော Carry လို့ပါ သတ်မှတ်လို့ရတဲ့ Agility Hero တစ်ကောင်ဖြစ်တဲ့ Ember Spirit ဟာ ယခုနောက်ဆုံးထွက်ထားတဲ့ v6.81 အထိ Imbalance ဖြစ်နေဆဲပါပဲ။ v6.73 မြေပုံမှာစပြီး ပေါ်လာခဲ့တဲ့ Xin ဟာ မြေပုံ update တစ်ခုလုပ်တိုင်း တခြား Hero တွေလိုမျိုး တိုးတက်လာတာ မရှိဘဲ လျှော့ပြီးရင်း အလျှော့ခံနေရတဲ့ကြားထဲကနေ ကြမ်းတမ်းနေဆဲ၊ လူကြိုက်များနေဆဲ Hero တစ်ကောင်အနေနဲ့ ဆက်လက်ရပ်တည်နေပါတယ်။ သင်က အထိုက်အလျောက် ပိုက်ဆံရှာကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် Item ရွေးချယ်စရာ အမြောက်အမြားရှိတဲ့အပြင် ဘာ Item ထည့်ထည့် လိုက်ဖက်တဲ့ Agility Ganker Carry Role ကို ပိုင်ဆိုင်ထားတဲ့ Ember Spirit ဟာ သင့်ရဲ့ Favourite Hero တွေထဲက တစ်ကောင်ဖြစ်မှာ အသေအချာပါပဲ။



Background Story



လူသူအရောက်အပေါက်နည်းပါးတဲ့ မရဏတောင်ကြားတစ်ခုမှ မီးလျှံခံတပ်ကြီးတစ်လုံးအတွင်းမှာရှိတဲ့ စစ်သားများ စစ်ရေးလေ့ကျင့်ရာ ဟောခန်းကြီးတစ်ခုဟာ အခုချိန်မှာတော့ သစ်ရွက်ခြောက်များ၊ ဖုန်များနဲ့ ပြည့်နှက်နေပါတယ်။ သမိုင်းမှတ်တမ်းများအရ အဆိုပါခံတပ်ကြီးရဲ့တံခါးဝကို ဒဏ္ဍာရီလာစစ်သူကြီး Xin ရဲ့ဝိညာဉ်ခိုအောင်းလျက်ရှိတဲ့ ဥဿ ဖရား ကျောက်ခွံတစ်ခုနဲ့ ခတ်ပိတ်ထားတယ်လို့ ဆိုကြပါတယ်။ လွန်ခဲ့တဲ့မျိုးဆက် ၃ ခုခန့်ကတော့ မီးလျှံနတ်ဘုရားဟာ ပိုမိုအရည်အသွေးမြင့်မားလာစေရန် ရက်စက်စွာ စစ်ရေးသင်ကြားပေးမှုများဟာ မီးလျှံခံတပ်ရဲ့နံရံများထက်ပင် ကျော်လွန်၍ ရိုက်ခတ်လျက်ရှိပါတော့တယ်။ သူ့ရဲ့ရက်စက်စွာ သင်ကြားပေးခဲ့တဲ့အတွက် ရက်စက်တဲ့ စစ်သည်တော်တွေဖြစ်လာတဲ့ လက်အောက်ငယ်သားတွေဟာ သူ့ရဲ့ပြိုင်ဘက်များ ပြန်လည်ဖြစ်လာပါတော့တယ်။ အရည်အသွေးပြည့်ဝသွားတဲ့ တပည့် ဆိုးများရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် Xin သာ အသက်ပေးခဲ့ရပါတယ်။ အဆိုပါ တပည့်ဆိုးများလည်း လေနဲ့အတူ ပျောက်ကွယ်သွားပါတော့တယ်။ ဒါဟာ ကြိုတင်စီစဉ်ထားခဲ့တဲ့ ဇာတ်လမ်းတစ်ခုဆိုတာ မည်သူမျှ မသိခဲ့ပါဘူး။ ရာစုနှစ်ပေါင်းများစွာ ကြာညောင်းလာပြီး မျိုးဆက် ၃ အရောက်မှာတော့ သူ့ရဲ့တပည့်တပန်းများရဲ့ခန္ဓာကိုယ်ထဲကို အကြံအစည်နဲ့ ထည့်သွင်းပေးထားခဲ့တဲ့ မှော်မီးခဲများဟာ တစ်ပြိုင်နက်တည်း လောင်
ကျွမ်းခဲ့တဲ့အတွက် မျိုးဆက်တွေ အကုန်လုံးသေဆုံးကုန်ပါတော့တယ်။ အဆိုပါ ပြာစများစုဝေးကာ တမြည့်မြည့်လောင်ကျွမ်းရင်း မျိုးဆက်သစ်များရဲ့သွေးများစီးဆင်းနေတဲ့ မီးခဲနတ်ဘုရား Xin ကို တဖန်ပြန်
လည်မွေးဖွားလာခဲ့ပါတော့တယ်။ တလက်လက်တောက်ပနေတဲ့ မီးခဲများသဖွယ် လင်းလက်နေတဲ့ Xin The Ember Spirit ဟာ သူ့ရဲ့အရည်အသွေးတွေကို ပိုမိုတိုးတက်အောင် လေ့ကျင့်ရင်း၊ မီးလျှံနဲ့ ပတ်သက်တဲ့ အသိပညာတွေကို သင်ယူလိုသူတွေအတွက် လမ်းညွှန်သင်ကြားပေးရန် ကမ္ဘာမြေပေါ်မှာ ပြန်လည်ပေါ်ထွက်လာပါတော့တယ်။





Overview



Str, Int, Agi Grow တွေ အကုန်လုံးနည်းတဲ့ Ember Spirit ဟာ Hp နည်း၊ Mana နည်း၊ Armor နည်းတဲ့အတွက် တော်တော်လေးကို ပျော့ဖတ်ဖတ်ဖြစ်ပြီး Mana မလောက်ငှတဲ့အတွက် မကောင်းဘူးလို့ ထင်ရပေမယ့် သူ့ရဲ့ Ability တွေအားလုံးကို ပြန်ထည့်စဉ်းစားလိုက်ရင်တော့ တော်တော်ကြမ်းတဲ့ Hero တစ်ကောင်လို့ သတ်မှတ်လို့ရပြန်ပါတယ်။ အစောပိုင်းမှာ Searing Chains ဟာ များများယူထား စရာမလိုဘူးဆိုပေမယ့် cooldown လည်း နည်းတယ်လို့ပြောလို့ရတဲ့အတွက် Mana အဆင်ပြေသွားမယ့် Late Game မှာ အရမ်းသုံးလို့ကောင်းတဲ့ Ability တစ်ခုဖြစ်ပါတယ်။ ထုံးစံအတိုင်း Ember Spirit လို့ ပြောလိုက်တာနဲ့ မျက်စိထဲပထမဦးဆုံး မြင်မိတာက သူ့ရဲ့တဖျပ်ဖျပ်နဲ့ ခုတ်တဲ့ဓားချက်တွေပါပဲ။ Sleight of Fist ဟာ Xin အတွက် Trademark ability တစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ သဘောတရားက Damage များတာ၊ အစုလိုက် အပြုံလိုက်ထိတာမျိုး မဟုတ်ဘဲ သီးခြားစီတိုက်ခိုက်တဲ့ ability တစ်ခုဖြစ်တာကြောင့် ဘယ် Hero နဲ့မှ မတူနိုင်တဲ့အတွက် Passive မဟုတ်တဲ့  Chance  Item တွေကို အသာစီးရစေမယ့် Ability တစ်ခုပါပဲ။ Ember Spirit ဟာပျော့ပါတယ်။ Spell သုံးတဲ့ Nuker တစ်ကောင်ကောင်နဲ့တွေ့လိုက်ရင် ချက်ချင်း အသက်ပျောက်သွားနိုင်လောက်အောင် Hp နည်းတယ်ဆိုပေမယ့် Flame Guard သာ ယူထားမယ်ဆိုရင် 500 Magical Damage လောက်ကို ကာကွယ်နိုင်မယ့်အပြင် အစောပိုင်း Ganking လုပ်နိုင်ရုံမကဘဲ Initiaotor တစ်ကောင်လို ပွဲကို ဦးဆောင်နိုင်မှာပါ။ အစောပိုင်းမှာ တစ်ဖက်အသင်းရဲ့
သွေးနည်းတဲ့ Supporter တွေဟာ Xin ရဲ့ Flame Guard ကို ဖြိုဖို့အခက်တွေ့မှာ အသေအချာပါပဲ။ တခြား Agility Hero တွေလို မတ်တတ်ရပ်ပြီး ခုတ်နေရတဲ့ Hero မျိုးမဟုတ်လို့ ဖိနပ်ကို စဉ်းစားတဲ့အခါ Power Tread ကို ထည့်မစဉ်းစားလည်း အဆင်ပြေပါတယ်။ Flame Guard တင်ထားပြီးရင် ရန်သူကြားထဲ ဝင်ရောက်တိုက်ခိုက်ရတဲ့အတွက် Phase Boots ကတော့ အစောပိုင်းအသင့်တော်ဆုံးလို့ ယူဆပါတယ်။ Damage လည်း အသင့်အတင့်တက်သွားတဲ့အတွက် Farming လုပ်ဖို့အတွက်လည်း သင့်တော်ပါတယ်။ Hero တစ်ကောင်နောက်ကို လိုက်ဖို့၊ ထွက်ပြေးဖို့နဲ့ Battle တစ်ခုကို စတင်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ သုံးလို့ရတဲ့ Ultimate Fire Remnant ဟာလည်း အခြေအနေပေါ်လိုက်ပြီး သုံးလို့ကောင်းတဲ့ Ability ဖြစ်လို့ 200 Damage လောက်နဲ့ Creep တစ်အုပ်စားနိုင်လောက်အောင် အကျိုးမဖြစ်စေတဲ့အတွက် Creep စားတဲ့နေရာမှာ မသုံးတာကောင်းပါတယ်။ Creep စားဖို့အတွက် Fire Remnant ကို အကျိုးရှိရှိသုံးချင်တယ်ဆိုရင်တော့ စိတ်ချရ တဲ့နေရာတစ်ခုခုမှာ အရိပ်ချထားခဲ့ပြီး ၄၅ စက္ကန့်လောက် စိတ်အေးလက်အေး လမ်းပေါ်တက်စားတဲ့နည်းက အကောင်းဆုံးပါပဲ။ ကိုယ့်ကိုလမ်းလာပိတ်ရင် "R" ခလုတ်လေးကို မြေကြီးထောက်ပြီး ပြေးလိုက်ရုံပါပဲ။



Abilities



Searing Chains ကတော့ များများယူရင် cooldown ကျပြီး ကြာချိန် ၃ စက္ကန့်အထိ ထိုးကျသွားမှာဖြစ်တဲ့အပြင် စုစုပေါင်း Damage လည်း ၃၀၀ အထိ တိုးသွားမှာပါ။ Searing Chains ဟာ အနီးကပ် Radius 400 အတွင်းမှာရှိတဲ့ ကြုံရာ unit ၂ ခုကို ချုပ်မှာဖြစ်တယ်လို့ဆိုပေမယ့် သင့်ရဲ့ Sleight of Fist နဲ့ တွဲသုံးလို့ရပါတယ်။ ရန်သူတစ်ယောက်ကို Sleight of Fist နဲ့ ခုတ်နေတဲ့အချိန်မှာ Chains ကို သုံးခဲ့မယ်ဆိုရင် Sleight of Fist ခုတ်နေတဲ့နေရာရဲ့ Aoe 400 အတွင်းက ကြုံရာ ၂ ကောင်ကို ချုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် မလှမ်းမကမ်း ထွက်ပြေးနေတဲ့ Hero တစ်ကောင်ကို Sleight of Fist + Searing Chains နဲ့ တွဲသုံးပြီး ဖမ်းထားနိုင်တာပါပဲ။ ဒါပေမဲ့ Invisible Unit တွေနဲ့ Blackspace ထဲက Hero တွေကိုတော့ မထိနိုင်ပါဘူး။



Sleight of Fist ဟာ နောက်ဆုံးအဆင့်မှာ 550 AoE အတွင်းက Unit တွေ အကုန်လုံးကို တစ်ချက်စီခုတ်ပါတယ်။ အခုတ်ခံရတဲ့ unit ဟာ Hero ဖြစ်ခဲ့မယ်ဆိုရင် Xin ရဲ့ပုံမှန် Damage အပြင် နောက်ထပ် 20/40/60/80 Damage တောင်ထပ်ပြီး အပိုဆောင်းထိဦးမှာပါ။ ဒါပေမဲ့ Hero မဟုတ်ခဲ့ဘူးဆိုရင်တော့ အပို Damage မထိတဲ့အပြင် မိမိမှာရှိတဲ့ Damage ရဲ့တစ်ဝက်ကိုတောင် လျော့ပြီးထိဦးမှာပါ။  ဒါကြောင့် Item လုံလုံလောက်လောက်မရခင်မှာ Sleight of Fist သုံးပြီး Creep စားဖို့ အစီအစဉ်က လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။



Xin ရဲ့ Ability (၃)ခုကို ယှဉ်ကြည့်လိုက်ရင် စောစောယူလေ အတန်ဆုံးဖြစ်လေတာကတော့ Flame Guard ပါပဲ။ ဒါကြောင့် Level 7 အရောက်မှာ ဂိတ်ဆုံးယူသင့်ပါတယ်။ 500 Magical Damage အထိ ကာကွယ်ပေးနိုင်တဲ့အပြင် 400 AoE အတွင်းမှာ တစ်စက္ကန့်ကို 60 Damage ထိပြီး ကြာချိန်စက္ကန့် ၂၀ ရှိပါတယ်။ Radiance လို Item မျိုးတောင် တစ်စက္ကန့်ကို 50 Damage ပဲ ထိပါတယ်။ ဒါပေမဲ့စက္ကန့် ၂၀ မပြည့်ခင်မှာ Flame Guard ပေါ် 500 Magic Damage ထပ် ပိုပြီး သက်ရောက်ခဲ့မယ်ဆိုရင်တော့ Flame Guard လည်း ကွဲသွားပြီး မီးလောင်တဲ့ Dps (Damage per Second) ပါ ပျောက်သွားမှာပါ။ Flame Guard နဲ့ ဆင်တူတဲ့ Pipe of Insight ဟာ 400 Magic Damage ကိုပဲ ကာကွယ်ပါတယ်။ ဒါကြောင့် အစောပိုင်းမှာ ပိုက်ဆံတစ်ပြားမှမကုန်ဘဲ Radiance ရော Pipe ရောစပ်ထားသလို အကျိုးရှိမယ့် Flame Guard ကို များများယူထားတာ အကောင်းဆုံးပါပဲ။



Ultimate Fire Remnant ကတော့ အပေါ်မှာပြောထားသလိုပဲ အခြေအနေ ၃ မျိုးပေါ် မူတည်ပြီး အသုံးပြုပုံတွေပြောင်းလဲသွားနိုင်ပါတယ်။ Professional Player တွေ အသုံးပြုတဲ့ပွဲတွေမှာ အများဆုံးတွေ့ရတဲ့ ပုံစံကတော့ ဘယ်တော့မှအရိပ်ကို တစ်ရိပ်ထက်ပိုပြီးတစ်ပြိုင်တည်း မသုံးတဲ့အချက်ပါပဲ။ တစ်ဖက်အသင်းကို Ganking လုပ်ဖို့အတွက် ရန်သူ့အသင်းသားတွေကြားထဲကို Remnant တစ်ခုပစ်ထည့်ပြီး ပြေးဝင်တဲ့ပုံစံနဲ့ အခြေအနေကို လိုက်ပြီးမှ နောက်ထပ် Remnant တွေကို ဆက်သုံးတာမျိုးကို တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် Battle နဲ့ဝေးပြီး Farm နေတဲ့အချိန်မှာလည်း အပေါ်မှာပြောထားခဲ့သလိုမျိုး အရိပ်တစ်ရိပ်ချန်ထားပြီး စိတ်ချလက်ချ ပိုက်ဆံရှာတဲ့ပုံစံမျိုးနဲ့ Foundation ပြန်ပြီး သွေးဖြည့်ဖို့အတွက် အရိပ်ချထားခဲ့ပြီး Portal နဲ့ ပြန်၊ Foundation မှာ လုပ်စရာရှိတာတွေလုပ်ပြီးမှ Remnant ရှိရာကို ပြန်လာတဲ့ပုံစံက အတွေ့ရအများဆုံး ပုံစံတွေပါပဲ။ သူ့ရဲ့ 200 Damage က အဓိကအချက် မဟုတ်ပါဘူး။ ၃၅ စက္ကန့်ကို Remnant တစ်ခုပြန်ပြည့်ပြီး ကိုယ်လွှတ်ထားတဲ့ Remnant တစ်ခုဟာ ၄၅ စက္ကန့်အထိ အချိန်ကြာပါတယ်။ ဒီမှာအရေးကြီးတဲ့အချက်က မိမိလွှတ်ထားတဲ့ Remnant ဆီကို အရောက်သွားဖို့ ၀.၄ စက္ကန့်ကြာပါတယ်။ ဒါကြောင့် ကိုယ်သွားမယ့်အရိပ်က နီးနေမယ်ဆိုရင် သွားတဲ့နှုန်းနှေးပြီး ဝေးလေမြန်လေ ဖြစ်ရတဲ့အချက်ပါပဲ။ နောက်တစ်ခုက သင်ကအရိပ် ၃ ခုတစ်ပြိုင်တည်းသုံးထားမယ်ဆိုရင် သင်နောက်ဆုံးချထားတဲ့ Remnant ဆီကိုသွားပြီး နောက်ဆုံး Remnant အရောက်မှာ ရပ်သွားပါလိမ့်မယ်။



Item Build



Phase Boots, Bracer, Bottle ကတော့ အခြေခံလိုအပ်တဲ့ Item တွေ ဖြစ်ပါတယ်။ Bottle ကတော့ Hp ရော Mana ပါနည်းတဲ့ Xin လို Hero မျိုးအတွက် ၁၅ မိနစ်မတိုင်ခင်မှာ အလွန်အသုံးတည့်တဲ့ အတွက် ဖြစ်ပါတယ်။ Xin လို့စဉ်းစားလိုက်တာနဲ့ သူ့အတွက် စဉ်းစားပေးရမယ့် Item တွေက သတ်မှတ်ပြီးသားဖြစ်ပါတယ်။ အကြောင်းက သူ့ရဲ့ Sleight of Fist ကြောင့်ပါပဲ။ Desolator စပ်မယ်ဆိုရင် စက္ကန့်ပိုင်းအတွင်းမှာ 550 AoE အတွင်းမှာရှိတဲ့ Enemy unit အားလုံးကို 7 armor စီလျှော့ပြီး တိုက်ခိုက်နိုင်မှာပါ။ Mjollnir, Daedalus တို့ဟာ Basher လိုမျိုး Cooldown ထည့်သွင်း တွက်ချက်တာ မဟုတ်တဲ့အတွက် များများခုတ်နိုင်လေ၊ Chain ထွက်ဖို့၊ Critical တက်ဖို့ဖြစ်နိုင်ခြေ များလေပါပဲ။ ဒါ့အပြင် Daedalus ဟာ သီးခြားဆီသက်ရောက်တဲ့ Pseudo Random ပုံစံနဲ့ တွက်ချက်တာဖြစ်လို့ Professional Player တွေကိုယ်တိုင် Daedalus နှစ်ခု ထည့်ပြီးကစားတာဖြစ်ပါတယ်။ တကယ်လို့ Battle Fury တွေ အများကြီးစပ်ချင်တယ်ဆိုရင် ၃ ချောင်းထက်ပိုပြီး မစပ်သင့်ပါဘူး။ အကြောင်းက ပထမတစ်လက်အတွက် Cleave 35 % ၊ ဒုတိယတစ်လက်အတွက် စုစုပေါင်း Cleave 70 % ရရှိမှာဖြစ်ပြီး တတိယမြောက် တစ်လက်ကို ထပ်စပ်လိုက်မယ်ဆိုရင်တော့ နောက်ထပ် Cleave 17.5% ပိုရမှာဖြစ်လို့ စုစုပေါင်း 70 + 17.5 = 87.5% Cleave အထိ ရသွားမှာဖြစ်ပါတယ်။ လေးလက်စပ်မယ်ဆိုရင်တော့ 4350 Gold  ရင်းပြီး နောက်ထပ် Cleave 11.67 % ပဲ ထပ်ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် Battle Fury ၄ လက်အစား Critical တက်မယ့် Item တွေ ထည့်လိုက်ရင် ပိုအသုံးတည့်မှာ အသေအချာပါပဲ။



Item အပြည့်အနေနဲ့ Pro တွေ အကြိုက်ပုံစံနဲ့ဆိုရင်တော့ Boots of Travel, 2 x Battle Fury, 2 x Daedalus နဲ့ Divine Rapier တို့ပဲ ဖြစ်ပါတယ်။ (Xin ကို Arcane Boots + Dagon lvl 5 စပ်ပြီး Semi-carry ပုံစံ၊ Power Treads + Mjollnir စပ်ပြီး Pusher ပုံစံနဲ့ ကစားရင်လည်း သင့်တော်တယ်ဆိုပေမဲ့ ကိုယ့်ကစားကွက်နဲ့ သင့်တော်မှ စမ်းသပ်ကြည့်စေချင်ပါတယ်။)



Counter fof Xin



Ember Spirit ရဲ့အဓိကအားနည်းချက်ကတော့ သူ့ရဲ့ Ability တွေပေါ်ကို မှီခိုနေရတဲ့အချက်ပါပဲ။ ဒါကြောင့် Ember Spirit ကို Ability မသုံးနိုင်အောင် ဟန့်တားနိုင်ခြင်းဟာ အကောင်းဆုံး Counter လုပ်နည်းတစ်ခုလို့ ပြောလို့ရပါတယ်။ Silence Ability ပါတဲ့ Hero တွေနဲ့ Orchid ဟာ Xin ကို အနှောင့်အယှက်ပေးဖို့ အကောင်းဆုံးအရာတွေပါပဲ။



ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ မိမိပိုင်နိုင်တဲ့ ကစားကွက်သာလျင် မိမိအတွက် အကောင်းဆုံးဖြစ်ပါတယ်။ နောက်တစ်ပတ်မှာ လက်ရှိ ကမ္ဘာ့အနှံ့အပြားက လူအများ စိတ်ဝင်စားလျက်ရှိတဲ့ The International DotA 2 Championship The Compendium Book အကြောင်းနဲ့ အဆိုပါစာအုပ်ကဘာကြောင့် ၁၁ ရက်အတွင်းမှာ Valve Corporation ကို ကမ္ဘာ့စံချိန်တင် အမြတ်အစွန်း အမေရိကန်ဒေါ်လာ ၁၈ သန်းရရှိစေခဲ့သလဲဆိုတဲ့ အချက်အလက် အချို့ကို ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။
yahooyeeha



သင်ဒါကို သိပါသလား?



Searing Chains မှာ mini stun ပါဝင်တဲ့အတွက် Town Portal အပါအဝင် Channeling Ability တွေ အားလုံးကို ပျက်စေပါတယ်။

ref: Internet Journal

0 comments:

Post a Comment