Powered by Blog - Widget

Wednesday, May 21, 2014

Toshiba Satellite M840-1027G



Aung Ko Htet (MM IT Knowledge)



ကွန်ပျူတာ ဈေးကွက်ထဲကို သွားလေရာကို စတိုင်ကျကျနဲ့သယ်ဆောင်ကာ အသုံးပြုနိုင်မယ့် Toshiba အမှတ်တံဆိပ် Satellite M840-1027G Notebook  ပြန်လည်ဝင်ရောက်လာပါတယ်။



CPU အနေနဲ့ Intel Core i3- 2328M (2.2GHz) ကို အသုံးပြုထားပြီး RAM ပိုင်းအတွက်ကိုတော့ DDR3 2GB ထည့်သွင်းပေးထားပါတယ်။ Graphic ပိုင်းအတွက် Intel HD Graphics ကို အသုံးပြုထားပါတယ်။ အချက်အလက် သိုလှောင်သိမ်းဆည်းဖို့အတွက် 500GB ပမာဏရှိတဲ့ HDD ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ၁၄ လက်မအရွယ်အစားရှိတဲ့ HD 200 CSV LD Display ကို အသုံးပြုထားတဲ့အတွက် HD အရည်အသွေးအပြည့်အဝကို ကောင်းမွန်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။ Super Multi ODD, 1Gbps LAN, Stereo Sound, 1.0MP HD Camera ,RGB/ HDMI, USB 2.0, USB 3.0, Card Reader, Wireless, BT စတာတွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ 6 Cell Battery ဖြစ်လို့ တစ်ခါအား အပြည့်သွင်းထားရင် နာရီပေါင်းအတော်ကြာ ဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ SMART Computer (နေပြည်တော်) ဖုန်း- ၀၆၇-၂၁၂၇၆ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။



ref: ကျော်ဇေယျ၊ နေပြည်တော်

0 comments:

Post a Comment