Powered by Blog - Widget

Wednesday, May 21, 2014

CDMA 800MHz ရော GSM ပါ အသုံးပြုနိုင်မယ့် Huawei G6



Aung Ko Htet (MM IT Knowledge)


Huawei P6 နဲ့ ဒီဇိုင်းတူပြီး Network အပိုင်းမှာ CDMA 800MHz ရော GSM ပါ အသုံးပြုနိုင်တဲ့ Huawei G6 ဟန်းဆက် နေပြည်တော်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပါတယ်။CPU - Quad Core 1.2GHz နဲ့ RAM - 1GB  အသုံးပြုထားပြီး ROM အနေနဲ့ 4GB ပါရှိပါတယ်။ 32GB အထိ မြှင့်တင်အသုံးပြုနိုင်ပါတယ်။

Sensor အနေနဲ့ Accelerometer Sensor, Proximity Sensor, Compass စတာတွေထောက်ပံ့ ပါဝင်ပါတယ်။ Android 4.3 (Jelly Bean) Version OS ကိုအသုံးပြုထားပါတယ်။ ၄.၅ လက်မအရွယ်အစားရှိတဲ့ IPS LCD Capacitive Touchscreen, 16M Color Display ကို အသုံးပြုထားပါတယ်။ ကင်မရာအနေနဲ့ နောက်ကင်မရာက 8MP ရှိပြီး ရှေ့ကင်မရာက 5MP ရှိပါတယ်။ 2000mAh ရှိတဲ့  Li-Ion ဘက်ထရီကို အသုံးပြုထားပါတယ်။ အရွယ်အစားက 130 × 65 × 7.55 mm ဖြစ်ပြီး အလေးချိန်က 115g ရှိပါတယ်။ Golden Arrow Mobile (နေပြည်တော်) ဖုန်း- ၀၉-၄၃၁၁၀၉၀၅ သို့ ဆက်သွယ်စုံစမ်း မေးမြန်းဝယ်ယူနိုင်ပါတယ်။



ref:ကျော်ဇေယျ၊ နေပြည်တော်

0 comments:

Post a Comment