Powered by Blog - Widget

Thursday, May 22, 2014

3-D Laser Scander ဖြင့် မန္တလေးမှ ရှေးဟောင်းရွှေကျောင်းကြီးအား တိုင်းတာစစ်ဆေးမှုများပြုလုပ်



Aung Ko Htet (MM IT Knowledge)

(၂၂.၅.၂၀၁၄)

မန္တလေးတောင်အနီးရှိသီပေါမင်းကောင်းမှုဖြစ်သောရှေးဟောင်းသစ်သားကျောင်းတော်အဆောက်အဦးတစ်ခုဖြစ်သည့် ရွှေကျောင်းကြီးအားWMF (World Monuments Fund)နှင့်ဖလော်ရီဒါတက္ကသိုလ်၊ သမိုင်း ၀င် အဆောက်အအုံများထိန်း သိမ်းစောင့်ရှောက်ရေး အစီအစဉ်တို့က ပူးပေါင်း၍သုံးဖက်မြင်လေဆာပုံရိပ်ဖမ်း စက်(3-D Laser Scander) ဖြင့် အချက်အလက်များတိုင်းတာ မှတ်တမ်းတင်သည့် ဒုတိယအဆင့် လုပ်ငန်းစဉ်များကို ဧပြီ ၃၀ရက်မှစတင် လုပ်ဆောင်နေပြီဖြစ်သည်။


“လေးရက်မြောက်မှာရိုက်ချက်ပေါင်း(၁၆၀)ရိုက်ခဲ့ပြီးပြီ ၊အသေးစိတ်နှစ်မီလီမီတာအထိ ဒီစက်က ရိုက်လို့ရ တယ်။ Point Cloud ကပုံရိပ်ကိုဖမ်းယူကာ3Dအဖြစ်ဖန်တီးပေးပြီးအလင်းပြန်နှုန်း(Reflation)ပေါ် အခြေခံ တဲ့ တိုင်းတာ မှုပါ။Smart phone အသုံးပြုတတ်ရင် နည်းပညာကလွယ်ပါ တယ်။”ဟု Mr.Brian Shea က ပြောကြားသည်။




“3-D Laser Scanner နဲ့ ကျောင်းပုံစံတစ်ခုလုံးကိုဖမ်းယူပြီးသွားရင်ဘယ်နေရာတွေ ပြင်ရမယ် ဆိုတာသိရမှာပါ။ဒီနည်းစံနစ်အသုံးပြုတဲ့အတွက်လူအင်အားနဲ့အချိန်အများကြီးသက်သာစေတယ်။
မြန်မာနိုင်ငံမှာ Internet connection အလွန်နှေးကွေးလို့လုပ်ငန်းမတွင်ကျယ်ပါဘူး။ရှေးဟောင်းသမိုင်းဆိုင်ရာ အဆောက် အဦးတွေပြင်စရာပေါ်လာတိုင်း လုပ်ပေးပါတယ်။” Mr.Marty Hyltonဟု ပြောကြား သည်။ယခုကဲ့သို့ 3D Scanner FAROSစက်ဖြင့်ရှေးဟောင်းသမိုင်းဝင်အဆောက်အဦးများကို မှတ်တမ်းရ ယူခြင်းသည်အမေရိကန်သံအမတ်ကြီးများရံပုံငွေမှ ဒေါ်လာ၅-သိန်းဖြင့် မြန်မာနိုင်ငံတွင်
ပထမဆုံး အကြိမ် လုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ နှစ်-နှစ်စီမံကိန်းဖြစ်၍ယင်းအဆောက်အဦးပတ်ဝန်းကျင် မီးဘေး လုံခြုံမှု ဆိုင်ရာများနှင့် ရေနှုတ်မြောင်းစံနစ်များကိုလည်းတိုင်း တာသွားမည်ဖြစ်ကြောင်း၊ပြုပြင် ထိန်းသိမ်းမှု လုပ်ဆောင်နိုင်ရန်ယခုတိုင်းတာရရှိသောအချက်များက အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်နိုင်ရန်ယခုတိုင်းတာရရှိသောအချက်များကအထောက်အကူပြုမှာ
ဖြစ်၍ ၄င်းတို့အသုံးပြုသည့် Software နှင့်အချက်အလက်များကိုလည်းအင်တာနက်တွင် အခမဲ့ Downlod ဆွဲယူကာ ပညာ ရပ်ဆိုင်ရာဆည်းပူးလေ့လာနိုင်သည်ဟုဆိုသည်။


ref: Myanmar Digital Life

0 comments:

Post a Comment